ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

623 52 0
                                    

Chapter 31

အတိတ်က ထိုအရာများကို ပြန်ပြောင်းပြောနေသောအခါ ဝေ့ယွမ်၏ အသံမှာ အနည်းငယ် တုန်လှုပ်သွားသည်။ လင်းယောင်ယောင် သည် သူမ၏ ခန္ဓာကိုယ်တွင် ထိုသို့သော မူလဇစ်မြစ်ရှိကြောင်း မမျှော်လင့်ထားပေ။ ဝေ့ယွမ်သည် ထိုလည်ဆွဲကို ဝမ်းကွဲညီမဖြစ်သူများအား ဝေ့မိဘများက ပေးထားမှန်း သူ သိပုံမရပေ။ထိုဆွဲပြားလေးက ဝေ့လင်း နှင့် ချမ့်ယောင် တို့၏ ကိုယ်ရေးကိုယ်တာ ချစ်ခြင်းသင်္ကေတဖြစ်ရမည်။

သို့သော် ဝေ့ယွမ်တွင် သေချာမှုများစွာမရှိပါက သူ၏ ပင်ကိုယ်စရိုက်ဖြင့် ပြောပြမည်မဟုတ်ပေ။ တစ်ခုတည်းသော နောက်ဆုံးအတည်ပြုချက်မှာ သွေးဆက်နွယ်မှုစစ်ဆေးချက်ဖြစ်သည်။ထို့အပြင် သွေးစကားပြောတာထင်သည်၊ဝေ့ယွမ်က ဝေ့မိသားစု၏ဝမ်းနည်းဖွယ်အဖြစ်အပျက်အကြောင်းကို ပြောပြသောအခါ သူမ မျက်လုံးထဲတွင် အလိုလိုမျက်ရည်များ ပြည့်လျှံလာရသည်။  ထိုအခါ ဝေ့ယွမ် က သူမကို ပိုးသားလက်ကိုင်ပုဝါတစ်ထည် ပေးလိုက်သည်။

"ယောင်ယောင် လေး...  ဒီအကြောင်းတွေကြားပြီးပြီဆိုတော့ ညီမ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးအဖြစ် မမှတ်ယူလိုက်ပါနဲ့...တစ်ကယ်လို့  ညီမက အစ်ကို့ဦးလေးရဲ့ကလေးဆိုရင် အဘိုးအဘွားတွေနဲ့ အစ်ကို့ မိဘတွေဆီ ခဏခဏပြန်လာလည်နိုင်ဖို့ အစ်ကို မျှော်လင့်တယ်....သူတို့လည်း အရမ်းပျော်နေကြမှာ...ဒါ့အပြင် ဒီကိစ္စကို အတည်ပြုပြီးရင် ဝေ့မိသားစုအမည်နဲ့ လင်းမိသားစုရဲ့အိမ်ကို တရားဝင်သွားပြီး သူတို့နဲ့ ညှိနှိုင်းမယ်"

အဆုံးတွင် ဝေ့ယွမ်က သူမကို အပိုင်တောင်းနေခြင်းပင်။ သူမ၏ အာကာသခလုတ်ထဲရှိ လည်ဆွဲကြောင့်သာမဟုတ်ပါက အထင်လွဲနေကြောင်း သူမ ပြောနိုင်သေးသည်။ သို့သော်၊ အခုအချိန်မှာတော့ ရလဒ်ကို သူမ,မျှော်လင့်ထားမိသည်။သူမ စိတ်ထဲမှာ နောက်ထပ် ဆွေမျိုးအနည်းငယ် ထပ်ရှိလာမည်ကို မကြိုက်သော်လည်း ဝေ့မိသားစုအခြေအနေအရ သူမကို မိသားစုအဖြစ် အသိအမှတ်ပြုရန် မျှော်လင့်ထားကြောင်း ထင်ရှားသည်။ ယခု သူမစိုးရိမ်မိသည်က လင်း မိသားစု၏ မိဘတွေနှင့် အစ်ကိုအကြီးဆုံး လင်းရွှမ် က ဘယ်လိုမျိုး တွေးနေမှာလဲ ဆိုတာကိုပင်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးOù les histoires vivent. Découvrez maintenant