chapter 95

388 27 0
                                    

Chapter 95
Chapter 95September 27, 2023
(ချစ်သူနှစ်ယောက်၏ အနမ်း)

ယေဘူယျအားဖြင့်ပြောရလျှင် ယောက်ျားနှင့်မိန်းမသည် တရားဝင်ချစ်သူဖြစ်သွားသောအခါ တစ်ယောက်က မျက်လုံးမှိတ်ခိုင်းခြင်းမှာ "နမ်းချင်တယ်" ဟု ဆိုလိုခြင်းဖြစ်သည်။

ကြယ်တာရာခေတ်မှာတောင် ထိုကဲ့သို့ ထုံးတမ်းများက ရိုးအီနေပြီဖြစ်ကာ အချစ်ဒရမ်မာများ တစ်ခါမှ မကြည့်ဖူးသော လင်းရွှမ် ပင်လျှင် ကြားဖူးထားသည်။

လင်းရွှမ် ၏ အေးစက်တင်းမာပြီး ချောမောသော မျက်နှာသည် ချက်ချင်းပင် ပေါ့ပါးပြီး နူးညံ့သော အပြုံးဖြင့် ခိုတွဲကာ အလွန်လှပ နေတော့သည်။ကြယ်လေးများကဲ့သို့ သူ့မျက်လုံးများသည် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေသည်။ သူ လင်းယောင်ယောင် ကို လေးလေးနက်နက် ကြည့်လိုက်သည်။  မိန်းကလေး၏ Star Network မှ ချစ်စရာကောင်းပြီး ချိုမြိန်သည့် မျက်နှာလေးမှာ နီမြန်းနေသည်ကို  မြင်လိုက်ရလျှင် သူက ပြုံးပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။

' ကလေးဆိုးလေး'

သူ့စိတ်ထဲတွင် တွေးနေသော်လည်း အပြင်မှာ ဘာမှ မပြောဖြစ်ပေ။  သူ့စကားတွေက ယခုဖြစ်နေသည့် ကြည်နူးစရာခံစားချက်များအား ချိုးဖျက်သွားမှာကို စိုးရွံ့ပြီး ပိန်ပိန်ပါးပါး ကလေးမလေးက ဒေါသထွက်ပြီး အော့ဖ်လိုင်းဖြစ်သွားနိုင်ပေသည်။သူမသည် ဒေါသထွက်တတ်ပြီး တစ်ခါတစ်ရံကလေးဆန်တတ်သဖြင့် အနည်းငယ် အချိန်ကြန့်ကြာသွားမှာစိုးရွံ့မိ၏။

လင်းယောင်ယောင်သည် သူ့ကို စနမ်းချင်ခဲ့သည်။ တစ်ခုကတော့ သူမသဘောဆန္ဒမပါဘဲ နောက်ဆုံးအကြိမ်က အတင်းနမ်းခဲ့သည့်အတွက် သူ့ကို လက်စားချေဖို့ဖြစ်သည်။ ထိုအကြွေးကို ယခုထက်ထိ မှတ်ထားသေးသည်။ ထို့အပြင် လင်းရွှမ် သည် သူမ၏ သဘောဆန္ဒမပါဘဲ လက်ချောင်းလေးတစ်ချောင်းကိုပင်  ဘယ်သောအခါမှ မထိမိစေရန် ကတိပြုထားကာ သူမအား ယုံကြည်စိတ်ချစေခဲ့သည်။ သူသည် ရံဖန်ရံခါ ကိုယ်ခန္ဓာချင်း နီးကပ်စွာရှိနေကြသော်လည်း သူမ၏ အရိပ်အခြည်ကို ကြည့်ပြီးနောက်မှသာ ပွေ့ဖက်၊လက်ကိုင်ရဲသူဖြစ်သည်။ ထို့ကြောင့် သူမကစ၍ နမ်းခြင်းသည် တရားမျှတသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now