Chapter 119
Chapter 119October 08, 2023
(ယိလန်ဂြိုလ်)သူတို့အဖွဲ့သည် အရပ်ဘက်သုံးခရီးသည်တင် အာကာသယာဉ်ဖြင့် နယ်စပ်သို့သွားသော်လည်း ဝေ့ယွမ် သည် ပထမတန်းမှ VIP အခန်းကို ရွေးချယ်ခဲ့သည်။ ကောင်လေး၃ယောက်က အခန်း3ခန်း ခွဲနေပြီး လင်းယောင်ယောင် နှင့်ယဲ့ရှီ က နှစ်ယောက်ခန်း တစ်ခန်းတွဲသုံးသည်။ ရိုးရိုးတန်းတွင် အခန်းတစ်ခန်းလျှင် လူ 7ယောက်မှ 8ယောက် နေရမှာထက်စာလျှင် သူတို့အခန်းသည် သီးသန့်ဖြစ်ပြီး သက်တောင့်သက်သာလည်း ရှိသည်။
အပန်းဖြေဧရိယာ၏ ထောင့်တစ်နေရာတွင် စတားချောလေးများအဖွဲ့ဝင်ငါးဦးသည် နောက်ထပ် မည်သည့်ဂြိုဟ်နှင့် တွေ့ကြုံရမည်ကို ဆွေးနွေးနေကြသည်။
ချောင်းမင်ယောင် က "ယောင်ယောင် …ယဲ့ရှီ နဲ့နေရတာ အန္တရာယ်များတယ်…အိပ်တဲ့အခါ သတိထားအိပ်..ခန်းဆီးကိုပိတ်ဖို့ မမေ့နဲ့"
ယဲ့ရှီ က ပြုံးပြီး " အလှလေး ယောင်ယောင် နဲ့ နေရတာ အရမ်းပျော်တယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းရမယ်လေ… သူမက ဗိုလ်ချုပ်လင်း ရဲ့ဇနီးမလား"
လင်းယောင်ယောင် ရှက်သွားပြီး ပြောလိုက်သည်။
"ဘာ ဇနီးလဲ...စစ်သည် ယဲ့နော် မဟုတ်တဲ့စကားတွေ မပြောစမ်းနဲ့!"
ချောင်းမင်ယောင် က ဒေါသတကြီးနှင့်ဝင်ပြောလာသည်။
"လင်းရွှမ် က အဝေးမှာလေ...ဒါပေမယ့် ငါလည်း သူ့အစ်ကိုပဲဆိုတော့ နင် သူ့ကို အနိုင်ကျင့်ရင် ငါ နင့်ကို မညှာဘူးနော်"
ယဲ့ရှီ ကော်ဖီကို ဖြည်းညှင်းစွာသောက်လိုက်ပြီး ခေါင်းမော့ကာ ပြုံးလိုက်သည်။ ထို့နောက် အလှလေးချောင်း အား သူမ၏ ဖီးနစ်မျက်လုံးများကို မှေးကျဉ်းထားကာ အထင်အမြင်သေးနေပုံဖြင့်ပြောလိုက်သည်။
"အယ် ညီမလေးချောင်း …နင်ကများ ငါ့ကို မညှာဘူးလို့ ပြောရသေးတယ်… ရန်ဖြစ်ချင်တာလား...လာပါ..လာလိုက်ပါ"
သူမ လေသံက စွာတာတာကောင်မလေးများကို စနောက်ချင်သည့်အခါ ပြောနေပုံနှင့်တူနေလေသည်။ စကားပြောနေရင်းလည်း ချောင်းမင်ယောင်၏ အင်္ကျီကော်လာကို ကိုင်လိုက်သည်။သူမ ၏ မက်ခါစွမ်းရည်သည် ချောင်းမင်ယောင် လောက်မပြင်းထန်သော်လည်း သူမတွင် ရက်စက်ကြမ်းကြုတ်ပြီး ထက်မြက်သော အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်ရှိသည်။သူမ ပြောပုံအရ သူမသည် ငယ်ငယ်လေးကတည်းက အောက်ခြေအဆင့်မှစ၍ ကိုယ့်ခြေထောက်ပေါ်သာ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်ဟုဆိုသည်။
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...