Chapter 134
Chapter 134October 16, 2023
(012 နှင့် ဇာ့ခ်ဘုရင်မ)လင်းယောင်ယောင် သည် လုံလောက်စွာ အနားယူပြီး နောက်တစ်နေ့ နံနက်တွင် နိုးလာသောအခါ ကြောင်စီစီဖြစ်သွားရသည်။
" အိုး ဘုရား…ဘုရား သူမ... မနေ့ညက လင်းရွှမ်နဲ့ အတူတူအိပ်ခဲ့တာလား…"
သူမဘေးက အေးစက်နေသည့် အိပ်ယာကြောင့် လင်းရွှမ်သည် ခဏလောက်သာ အိပ်ခဲ့ခြင်းဖြစ်ရမည်။ ထို့ကြောင့် သူမ အရှက်ပြေသွားရသော်လည်း အနည်းငယ် စိတ်ပူနေမိဆဲပင်။
သူမသည် စိတ်စွမ်းအား ပြန်လည်ကောင်းမွန်လာသည်အထိ ဦးစွာ ကောင်းကောင်းအနားယူရန် စီစဉ်ထားသည်။ ထို့နောက် သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် အတွင်းတွင် ကျန်နေသေးသော အနက်ရောင် အဖျက် စွမ်းအင်များကို ရှင်းပစ်မည်ဖြစ်သည်။ ထို့နောက် ဇာ့ခ်ဘုရင်မအား မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကိုလည်း သူနှင့် ဆွေးနွေးရဦးမည်။
မူရင်းဝတ္ထုကြောင့်၊ ဇာ့ခ်ဘုရင်မသည် လင်းရွှမ် သေဆုံးရသည့် တရားခံဟု သူမ ထင်ခဲ့ဖူးသည်။ ထို့ကြောင့် သူမ ထိုသတ္တဝါကို မကြိုက်ပေ။ သို့သော် ဇာ့ခ်ဘုရင်မနှင့်တွေ့ဆုံပြီးနောက် ကြီးမားသော ကွာခြားမှုတစ်ခုကို ခံစားခဲ့ရသည်။မွေးခါစ ဇာ့ခ်ဘုရင်မသည် သူမ စိတ်ကူးယဉ်ခဲ့သလိုမျိုး ဆိုးသွမ်းသော နတ်ဆိုးတစ်ကောင် မဟုတ်ပေ။ လူသား၏အသားသည် အရသာအရှိဆုံးဖြစ်ကြောင်း တာဇာကြယ်ပွင့်မဟာမိတ်မှ သင်ကြားပေးခဲ့ခြင်းကြောင့် လူသားများအား ဆန့်ကျင်လာခြင်းပင်။
ဇာ့ခ်ဘုရင်မ၏ အပြန်အလှန် စားကြမည်ဆိုသောစကားကို ပြောပုံထောက်လျှင် သူမသည်(အမကြီးမလို့ သူမ သုံးလိုက်ပါတယ်နော်၊၎င်းဆိုရင် ဖတ်ရတာထောက်နေမလားလို့) "တရားမျှတမှု" ကို သဘောပေါက်သူပင်။ သူ့စရိုက်က တော်တော်ဖြူစင်ပြီး လိုရာဆန္ဒများ ပြီးမြောက်နိုင်ဖို့ ဘာမဆို လုပ်ချင်ကြသော တစ်ချို့ လူသားများထက်ပင် ရိုးသားနေသေးသည်။
ဇာ့ခ်ဘုရင်မကို သတ်လိုက်ခြင်းကလည်း စစ်ပွဲကို အဆုံးသတ်စေမှာ မဟုတ်ပေ။ လင်းရွှမ် ကိုရှင်းရန် တာဇာများသည် ဇာ့ခ်ဘုရင်မကို အသုံးပြုလိုကြသည်။ ယခုတစ်ကောင်ကို သတ်လိုက်ပါက နောက်တစ်ကောင်ကိုလည်း ထပ်လွှတ်လာမည်ဖြစ်၏။
![](https://img.wattpad.com/cover/351883333-288-k750728.jpg)
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...