chapter 87

497 47 0
                                    

Chapter 87
Chapter 87September 24, 2023


ယနေ့ လာရောက်မကူညီသော  အစားအသောက် သုတေသနစခန်းရှိ  ဂျူနီယာဖြစ်သူ ချိုးကျီရုံ ကိုလည်း  မစ္စတာချိုက် ၏ တပည့်အဖြစ် သတ်မှတ်ထားသည်။ မစ္စတာချိုက် က သူ့ကို ကိုယ်တိုင်ကိုယ်ကျ မသင်ပေးသော်လည်း ချိုးကျီရုံ က တစ်ခါတစ်ရံ ဖြည့်စွက်စာ ချက်ဖို့ ဆရာဖြစ်သူနောက်ကို လိုက်ကြည့်တတ်သည်။  တတ်နိုင်သလောက် သင်ယူတတ်မြောက်ဖို့ဆိုပါက ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးရပေသည်။

မနေ့က ချိုးကျီရုံ သည် ‌လင်းယောင်ယောင် ၏ ဇာ့ခ် အသားဟင်းပွဲများကို စားခဲ့သည်။  အဓိကပါဝင်ပစ္စည်းမှာ ဇာ့ခ် အသားဖြစ်ကြောင်း သိပြီးနောက် သူကပါ ချုံးရို့ ပြောပြီးနောက် ရွံရှာဖွယ်ကောင်းကြောင်း လိုက်ပြောခဲ့သဖြင့် ယနေ့တွင် လူတိုင်းက သူ့ကို တမင်မခေါ်ခဲ့ကြပေ။ မနေ့က အစားအစာများကို ဇာ့ခ် အသားနှင့်ပြုလုပ်ထားမှန်း မသိခင်မှာ ပါ၀င်သည့် စွမ်းအင် နှင့် ကုသရေးအာနိသင်က သူကိုယ်တိုင်လုပ်ထားတာထက် အများကြီး ပိုကောင်းပြီး အရသာက ပိုအရသာရှိမှန်း သူခံစားမိသည်။ထို့အပြင်၊  ‌လင်းယောင်ယောင် ဖန်တီးထားတာကြောင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများအတွက် အထူးကောင်းမွန်ကြောင်း ပြောစရာလိုမည်မထင်ပေ။ ထို့ကြောင့် ချိုးကျီရုံ သည် သူ့လက်သုတ်ပုဝါပေါ် သိမ်းဆည်း၍ ပိုအဆင်ပြေမည် အင်းဆက်အသားချောင်းအနည်းငယ်ကို ဝှက်ထားပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည့် ဖခင်ဆီ ပြန်ယူသွားဖို့ စဉ်းစားနေခဲ့၏။

ချိုက်မူပိုင် နှင့် အခြားသူများက ချိုးကျီရုံ သည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း၏ အများပိုင်ပစ္စည်းဖြစ်သော ပါဝင်ပစ္စည်းများမှ ထုတ်လုပ်ထားသည့် ဖြည့်စွက်အစားအစာများကို တစ်ကြိမ်ထက်ပို၍ ခိုးယူသွားတတ်ကြောင်း တွေ့ရှိခဲ့ဖူးသည်။သို့‌ေသာ်၊ သူ့မိသားစု၏ အခက်အခဲကို တွေးကြည့်ပြီး အားလုံးက မျက်လုံးမှိတ်ပြီး ဘာမှ မပြောကြတော့ပေ။

ပုံမှန်အားဖြင့်၊ ‌လင်းယောင်ယောင် သည် အစားအသောက်ကုထုံး အခြေစိုက်စခန်းမှ သူမ ပြင်ဆင်ထားသော သို့မဟုတ် ပြုပြင်ထားသော ပါဝင်ပစ္စည်းများကို အိမ်အထိ ယူဆောင်သွားတတ်သည်။ သို့သော်လည်း၊ သူမက ထိုပါဝင်ပစ္စည်းများကို ကိုယ်တိုင်အိမ်မှ ယူလာခြင်း သို့မဟုတ် အဘိုးကြီးချိုက် ၏ သဘောတူချက်ဖြင့်သာ ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ သူမသည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းကို အခမဲ့ ပါဝင်ပစ္စည်းများ မကြာခဏ ပေးလေ့ရှိခြင်းကြောင့်ဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now