chapter 133

302 20 0
                                    

Chapter 133
Chapter 133October 16, 2023
(တစ်အိပ်ရာတည်းအတူအိပ်ခြင်း)



နှစ်နာရီကြာပြီးနောက်တွင် လင်းယောင်ယောင်၏ စိတ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ သို့သော်၊  လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်တို့သည် အလွန်များပြားသော်လည်း၊ သူမသည် 60% ခန့်ကို သုတ်သင်ပစ်လိုက်နိုင်သည်။သူမ နောက်ဆုံး စက်ဝန်းများကို ပြန်ဖြည်ချကာ  မျက်လုံးဖွင့်၍ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ညီမလေးက အရမ်းအားနည်းနေတယ်..."

လင်းရွှမ် သည် သူ့မိန်းကလေး၏ ပျော့ပျောင်းသော ဆံပင်ကို ပွတ်သပ်ရင်း နွေးထွေးစွာပြောသည်။

" အတွင်းစိတ်က ပုံမှန်ပြန်ဖြစ်နေပါပြီ... နှစ်အတော်ကြာအောင် မသက်သာဘူး ဖြစ်နေတာ…အခု မင်းကြောင့် အဆင်ပြေသွားပြီး… စိတ်မပူပါနဲ့ အချိန်ယူရမယ်မလား"

အပျော့စား စိတ်ကြွရူးသွပ်ရောဂါရှိသော တိုက်ခိုက်ရေးသမားများသည် ဝိညာဉ်ရေးရာ အကြံဉာဏ်ပေးခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်ညီသော အရန်ကုထုံးပညာရှင်ကို တွေ့ရှိသောအခါ၊ တစ်ကြိမ်လုပ်လျှင် ဆယ်ပုံတစ်ပုံခန့် လျှော့ချခြင်းကပင် အလွန်ကောင်းမွန်သည့် ရလဒ်ဖြစ်သည်။

သူမသည် သူ၏ အဖျက်စွမ်းအင်ကို လျင်မြန်စွာပင် လျှော့ချနိုင်ခဲ့သည်။ပထမတစ်ချက်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ပေါင်းစပ်အသုံးပြုထားခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ သူမ၏ လျှင်မြန်သော အရှိန်ကြောင့်ပင်။ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်သည် သူမ၏ ကုသမှုကို အတော်လေး ခံနိုင်ရည်ရှိသည်။ဆိုလိုသည်မှာ သူတို့နှစ်ယောက်သား၏ စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုသည် 90% မျှသာမဟုတ်ဘဲ   95% ထက်များနိုင်ချေရှိ၏။ဤသည်ကလည်း သူမ၏ စိတ်စွမ်းအားကို အသုံးပြုရန် သင်ယူပြီး လအနည်းငယ်အကြာတွင် ဤကဲ့သို့ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နောင်တစ်ချိန်တွင် ပို၍ကျွမ်းကျင်လာသောအခါ၊ သူမ၏ စက်ဝန်းများသည် ပိုမိုဖျတ်လတ်သွက်လက်လာနိုင်ပြီး အရှိန်လည်း ပိုမြန်လာမည်ဖြစ်သည်။



ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now