ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

661 59 0
                                    

Chapter 40
(ပီကင်းဘဲကင်)

ချောမောသော ချိုက်မူပိုင် က အေးစက်စွာပြောလာသည်။

"အစားအသောက် အရန်ကုထုံးကလည်း သူ့ဘာသာသူ အားသာချက်တွေ ရှိတယ်.. ကုထုံးက တစ်ကယ်ပဲ သက်ရောက်မှုရှိလား၊ မရှိဘူးလား ဆိုတာကို မင်း ဆုံးဖြတ်လို့မရဘူး... ရှေးခေတ် တရုတ်ပြည်မှာလည်း အစားအသောက်ကုထုံးနဲ့ ဆေးဝါးတွေက ရှိနေခဲ့တာဆိုတော့ ငါတို့ဌာနက အသုံးမဝင်ဘူးလို့ မင်း ပြောလို့မရဘူး... ဖြည့်စွက်စာ ကုထုံးထည့်ထားတဲ့ အစားအသောက်တွေက အရသာရှိအောင် မစွမ်းဆောင်နိုင်လို့ ငါတို့ ပေါ့ဆတာ မှန်ပေမယ့် ဖြည့်စွက်ကုထုံးအစားအသောက်တွေက အရေးမကြီးဘူးလို့ မဆိုလိုဘူး... ငါ့နာမည်က ချိုက်မူပိုင် ...ငါ ကတိပေးတယ်...တစ်ကယ်လို့ ငါတို့ဌာနက ဒီနေ့ ပြပွဲမှာရှိတဲ့  ဧည့်သည် လေးပုံတစ်ပုံကို အရန်အစားအသောက်ကုထုံး နေရာကို မဆွဲဆောင်နိုင်ဘူးဆိုရင် ငါတို့ အရန်ကုထုံးဌာနက ဒီအင်ပါယာရဲ့ စစ်တက္ကသိုလ်ကနေ နုတ်ထွက်ပေးမယ်...ပြီးတော့ မိန်းကလေး ဝူကို လူသိရှင်ကြားလည်းတောင်းပန်ပေးမယ်"

ဝူလီလီ က ခစ်ကနဲ ရယ်လိုက်ပြီး

"ကောင်းပြီလေ ကျွန်မ စောင့်ကြည့်လိုက်မယ်...ကျွန်မ ဒီနေရာကနေ ခြေတစ်လှမ်းရွေ့လိုက်တာနဲ့ လူတွေက ကျွန်မကို လိုက်ကြည့်နေကြမယ်ဆိုတာ ရှင်တို့မသိသေးပဲကိုး...ရှင်သိထားဖို့က အားလုံးက ကျွန်မကြောင့် ဒီနေရာကို လာကြတာရှင့်"

ပြောပြီးနောက် သူမသည် အတန်းဖော်နှစ်ယောက်နှင့်အတူ မောက်မာစွာ ထွက်သွားလျှင် ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီတို့လို ထက်မြက်သော တိုက်ခိုက်ရေးစစ်သည်များ ဝိုင်းရံထားသည့် လင်းယောင်ယောင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သို့သော်လည်း လင်းယောင်ယောင် သည် ရန်နင် လိုမဟုတ်ဘဲ နောက်ခံမိသားစုက အတော်လေး အင်အားကြီးမားသူဖြစ်သည်။ထို့ကြောင့် သူမလင်းယောင်ယောင် တို့ ဘေးမှ ဖြတ်သွားသောအခါ သူမ ဘေးက အတန်းဖော်အားပြောလိုက်သည်။

"အရန်အစားအသောက်ကုထုံးဌာနက မိန်းကလေးတွေက ဒီလိုပဲမဟုတ်လား... အရည်အချင်းသိပ်မရှိဘူး…ဒါပေမယ့် ယောက်ျားလေးတွေနဲ့ လတ်လျားလတ်လျားသွားပြီး ရွပိုးထိုးရမယ်ဆိုရင်တော့ လာထားပဲ ဟုတ်တယ်မလား"

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now