chapter 93

300 29 0
                                    

Chapter 93
Chapter 93September 26, 2023
(စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများ အချင်းချင်း ချည်နှောင်ခြင်း)

Star Network မက်ခါတိုက်ပွဲပလက်ဖောင်းရှိ လင်းရွှမ် ၏ မက်ခါဧည့်ခန်းထဲတွင် ချောင်းမင်ယောင် က အဆင့်၆နေရာမှာ ရပ်တည်နေသည်။ ဝေ့ယွမ် ၏ စိတ်စွမ်းအင်သည် S အဆင့်သာရှိသော်လည်း သူကိုယ်တိုင်က ထိပ်တန်း 100 သို့ ရောက်နိုင်ခဲ့ပြီး အဆင့် 20 တွင် ရပ်တည်နေနိုင်သည်။ အများအားဖြင့် သူသည် ခွန်အားဖြင့်သာမက ဉာဏ်ပညာကို သုံးလျှင်လည်း အနိုင်ရသည်။သူက စကားစပြောလိုက်သည်။

"ဗိုလ်ချုပ် လင်း မှာ ထူးချွန်ထက်မြက်တဲ့ ခွန်အား၊ တိုက်ပွဲအတွေ့အကြုံ ကလည်း များပြီး ရှုံးပွဲမရှိ စစ်နတ်ဘုရားဆိုပြီးတော့လည်း လူသိများတယ်‌…ချောင်းလေး နဲ့ ကျွန်တော်က ကျောင်းမှာဆို ကျောင်းသားသစ်တွေပဲ… တရားမျှတသွားအောင် ကျွန်တော် ချောင်းလေးနဲ့ ပူးပေါင်းပါရစေ…  ဗိုလ်ချုပ် လင်းကလည်း လင်းယွင်ကို မမောင်းပါနဲ့လို့ပဲ ပြောချင်တယ်...ဖြစ်နိုင်ပါ့မလား"

လင်းရွှမ် က ဂရုမစိုက်ပေ။

"ဟုတ်ပြီ.. ငါ B အတန်းစား မက်ခါ ကို မောင်းလိုက်မယ်… ငါးမိနစ်လောက်ကြာတဲ့အထိ ငါ့ကို တိုက်နိုင်ရင် မင်းအနိုင်ရတယ်"

ချောင်းမင်ယောင် က "ကျွန်တော်တို့အနိုင်ရရင် အစ်ကို ယောင်ယောင် နဲ့ တွဲခွင့်မရှိဘူး"

လင်းရွှမ် သည် လင်းယောင်ယောင် ကိုကြည့်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"ယောင်ယောင် က ဘယ်သူနဲ့ တွဲချင်လဲ ဆိုတာဟာ သူ့ကိုယ်ပိုင် ရွေးချယ်မှုပဲ…မင်းတို့ ဆုံးဖြတ်ဖို့ မလိုပါဘူး…မင်းတို့ ကန့်ကွက်သည်ဖြစ်စေ၊ မကန့်ကွက်သည်ဖြစ်စေ ငါက သူမကို လွှတ်မှာ မဟုတ်ဘူး…ငါက သူမကိုပဲ လိုချင်တာ"

ဝေ့ယွမ် နှင့် ချောင်းမင်ယောင်: "..."

လင်းရွှမ်ကို အနိုင်မယူနိုင်ပါက ညီမဖြစ်သူက သူတို့ဘက်မှာ လုံးဝမရှိနေနိုင်လောက်ပေ။ သူတို့ နှစ်ယောက်သား ဘာမှ မပြောနိုင်တော့ဘဲ စိတ်ဓာတ်တောင်ကျသွားရလေသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now