Chapter 146
Chapter 146October 19, 2023ထို့နောက် ဝေ့လင်း သည် သူ၏လူယုံအား အတိုချုံးရှင်းပြပြီးနောက် သီးသန့်ခန်းသို့ ပြန်သွားပြီး ထိုကိစ္စနှင့်ပတ်သက်၍ ချမ့်ယောင် အား ပြောပြသည်။
သမီးဖြစ်သူ မသေသေးဘူးဆိုသည်ကို ချမ့်ယောင် ကြားရသောအခါ မျက်ရည်တို့က ချက်ချင်းထွက်လာကြသည်။
"တစ်ကယ်လား…ကျွန်မကိုလိမ်နေတာမဟုတ်ဘူးလား"
ဝေ့လင်း က သူ့မိန်းမကို ပွေ့ဖက်ထားရင်း
"တစ်ကယ်ပဲ...သူမက ကိုယ်တို့သမီးပဲလို့ ထင်တယ်... သူမ ငါတို့ဆီ လာတယ်… ငါတို့ မိသားစုနဲ့ ပြန်ပေါင်းလို့ရပြီကွ...ပြီးတော့ အင်ပါယာကိုလည်း အတူတူ ပြန်သွားနိုင်တယ်"
လူအစစ်ကို သူ မတွေ့ရမရချင်း မသေချာသော်လည်း ဝေ့လင်း ယုံကြည်ရန် ဆန္ဒရှိခဲ့သည်။ သမီးဖြစ်သူ၏ အေးစက်သော စကားများကို သူ မှတ်မိသွားသောအခါတွင် နှလုံးသားက ကွဲအက်ကြေကွဲသွားသလို ခံစားလိုက်ရသည်။သမီးဖြစ်သူအပေါ်မှာ အများကြီး အကြွေးတင်နေပြီမို့ အားနာစိတ်ဖြစ်ရကာ အမြန်ဆုံးတွေ့ချင်နေမိ၏။ ထိုမှသာ သူ့နှလုံးသားကို အေးမြစေလိမ့်မည်။
ထို့နောက် နှစ်ယောက်သား အိပ်နေသော သားငယ်နှစ်ယောက်ကို နှိုးပြီး အရေးကြီးပစ္စည်းများကို အမြန်ထုပ်ပိုးလိုက်သည်။ ထို့နောက် သူတို့မိသားစု နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဦးခေါင်းခွံဓားပြအဖွဲ့၏ အာကာသယာဉ်မှ ထွက်ခွာသွားခဲ့သည်။
ဝေ့လင်းသည် ကြယ်ပင်လယ်ဓားပြများကို အမုန်းဆုံးဖြစ်သည်။ သူ၊ သူ့ဇနီးနှင့် သူ့သမီးတို့သည် ကြယ်ပင်လယ်ဓားပြများကြောင့် လက်ရှိအခြေအနေသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် လူသားမျိုးနွယ်အားလုံးကို တာဇာများက အမဲလိုက်သတ်ဖြတ်ခဲ့ကြသည်။ ရှင်သန်ဖို့အတွက်၊ ချမ့်ယောင် နှင့် သူ့ကလေးတွေကို လုံခြုံသည့် နေရာတစ်ခုမှာ ခိုနားစေနိုင်ဖို့ သူ့မှာရွေးချယ်စရာ လုံးဝမရှိတော့ေပ။ သို့သော် သူ့နှလုံးသားထဲတွင် ဂုဏ်သိက္ခာရှိသော ဆူးတပ်ဖွဲ့၏ အကြီးအကဲသည် ကြယ်ပင်လယ်ဓားပြအဖြစ် အသက်ရှင်ရန် ဆန္ဒမရှိနေသလို၊ ဤ ဦးခေါင်းခွံဓားပြအဖွဲ့ အာကာသယာဉ်ကိုလည်း အိမ်အဖြစ် မတွေးဖူးပေ။

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...