chapter 92

393 38 0
                                    

Chapter 92
Chapter 92September 26, 2023
(ကိုယ်တို့ အတူရှိနေကြပြီ)

လင်းရွှမ် သည် လူစုလူဝေးကြီးကို လွှမ်းမိုးလိုက်ပြီးနောက် ချိုက်ယူဟုန် သည် လင်းယောင်ယောင် က မရင့်ကျက်သေးသူဟု ဝင်ပြောကာ တိုက်ပွဲကို ပြီးဆုံးစေလိုက်သည်။ ဤမျှ များစွာသော လူများအတွက် သူမ၏ ဖြည့်စွက်စာများကို နေ့စဉ်ကျွေးပေးရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ဇာ့ခ်အသားကို အင်ပါယာတစ်ခွင်တွင် မြှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ မချက်ပြုတ်ထားသည့် ဟင်းများဆိုလျှင်တောင်၊စွမ်းအင်စုပ်ယူမှုက 100% မဟုတ်သော်လည်း သာမန်ဖြည့်စွက်အစားအစာထက် ပိုကောင်းလာနိုင်သည်။ ဇာ့ခ်အသားတွင် ပါ၀င်သော စွမ်းအင်က သာမန်ပါဝင်ပစ္စည်းများထက် များစွာပို၍ ကြွယ်ဝခြင်းကြောင့်ပင်။

လူအုပ်ကြီးသည် လင်းရွှမ်၏ ပေါ့ပါးပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်။

'မစားချင်ရင်လည်း ကိစ္စမရှိပါဘူး …ကျွန်တော်တို့ မိသားစုအတွက်ပဲ သူမက ချက်ပေးမှာမလို့ပါ'

လင်းရွှမ် သည် အင်ပါယာအတွင်း ဇာ့ခ် အသားကို ကြေငြာလိုသော ဆန္ဒ ပြင်းပြခြင်းမရှိပေ။ သို့သော် ယခု ‌လူကြီးများသည် စိုးရွံ့နေကြပြီဖြစ်၏။

ဒီလိုကောင်းတဲ့အရာကို ဘယ်သူ့ကိုမှ မကြေငြာဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…

တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုသည်က အပ,ထား၊  ဇာ့ခ်များသည် လူသားတို့၏ အကြီးမားဆုံးရန်သူမှ လူကြိုက်များသော အစားအစာတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားနိုင်သည်။ ထိုအခြေအနေမျိုးတွင်၊ အဆုံးမဲ့ ဇာ့ခ် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုများ အလွန်လျော့ကျသွားမည်ဖြစ်သည်။ ရောက်ရှိလာသော လူအုပ်ကြီးသည် ရုတ်တရက် သူတို့အား ကူညီပေးရန် လင်းယောင်ယောင် ကို တောင်းဆိုဖို့ ကိစ္စအား ဂရုမစိုက်နိုင်တော့ပေ။

ဘာလဲ…မင်းက တခြားသူတွေကို အနိုင်ကျင့်ပြီး ကလေးမလေးကို ကြောက်အောင် လုပ်ချင်တာလား…

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးOù les histoires vivent. Découvrez maintenant