Chapter 135
Chapter 135October 16, 2023လင်းရွှမ် သည် စိတ်ဓာတ်ခွန်အား လုံလုံလောက်လောက် အားကောင်းသောကြောင့် ဤဇာ့ခ်ဘုရင်မနှင့် အပင်တစ်ပင်က အစားအစာမျိုးစုံကို အတူ မြည်းစမ်းပြီး စကားပြောဆိုရန် သူတို့၏ စိတ်စွမ်းအားကို အသုံးပြုနေသည်ကို သူ နားထောင်နိုင်ခဲ့သည်။ သူ ဝင်ရောက်စွက်ဖက်ဖို့လည်း မစွမ်းနိုင်ပေ။ဇာ့ခ်ဘုရင်မနှင့် စကားပြောဆိုဖို့ သူ့ IQ ကိုလည်း ကလေးအဆင့်အထိ မလျှော့ချနိုင်ပေ။
ထို့အပြင် ဇာ့ခ်ဘုရင်မသည် သူ့ကို "လူဆိုး" တစ်ယောက်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ ဘယ်လိုပင် ပြောပါစေ၊ယုံမှာမဟုတ်။ ထိုမျက်လုံးကြီးများက သူ့ကိုကြည့်သောအခါ သတိထားနေသည့် အသွင်ဖြစ်သည်။ သူ နောက်တစ်ခေါက် ဖြည့်စွက်အစာတွေ သွားယူခါမှ သူမ၏ မျက်လုံးတွေက သူ့အပေါ် နည်းနည်း စိတ်အေးလက်အေး ဖြစ်သွား၏။ ကံကောင်းထောက်မစွာ၊ 012 သည် အလွန်ယုံကြည်စိတ်ချရခြင်းမရှိသော်လည်း သူ၏ စူးရှသောမျက်လုံးများနှင့် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားများ၏ ဖိအားအောက်တွင် သူ ပေးခဲ့သောတာဝန်ကို ယခုထိမမေ့သေးချေ။
ဇာ့ခ်ဘုရင်မနှင့် အောင်အောင်မြင်မြင် မိတ်ဖွဲ့ပြီးနောက် 012 သည် အရေးကြီးသော ကိစ္စများ အကြောင်းကို ဇာ့ခ်ဘုရင်မထံ စတင်မေးမြန်းခဲ့သည်။
"168…မင်းအိမ်က ဘယ်မှာလဲ… တာဇာ နတ်ဘုရားတွေက မင်းကို မွေးထုတ်ပေးခဲ့တယ်ဆို…ဒါပေမယ့် မင်းကို ဘာလို့ လူ့လောကထဲကို ပို့ခဲ့တာလဲ… မင်း ပြန်သွားလို့ရလား"
ထိုအခါ 168က ချက်ချင်း ဝမ်းနည်းပူဆွေးစွာဖြင့်
"ငါ မကြီးပြင်းခင် ပြန်မသွားနိုင်ဘူး... ဒါပေမယ့် ဒီမှာလည်း အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ် ဆိုတော့ ငါ မပြန်ချင်ဘူး"
မကြာမီ လင်းယောင်ယောင် ဝင်လာသောအခါ သွေးစပျစ်နွယ်ပင် 012၊ ဇာ့ခ်ဘုရင်မတို့အား ထူးဆန်းသော မြင်ကွင်းတစ်ခုပမာ တွေ့လိုက်ရသည်။
လင်းရွှမ် သည် သူတို့နှင့် အနည်းငယ် ဝေးသော လှိုဏ်ဂူအပြင်ဘက်တွင် တံခါးကို စောင့်ကြပ်နေသည်။ထို့နောက် သူသည် ဇာ့ခ်ဥများကို ဇီဝဗေဒဆိုင်ရာ အာကာသခလုတ်ထဲကိုလည်း ကောက်ပြီး ထည့်နေလိုက်သည်။ သို့သော်၊ ဇာ့ခ်ဘုရင်မသည် သူ့ကို သံသယတစ်ချက်မှ မဝင်ချေ။ 168ထင်နေသည်က 012 ပြောသည့်အတိုင်းပင် သူမအတွက် နောက်ထပ်ဟင်းများချက်ပေးဖို့ လုပ်နေသည်ဟုသာ ထင်ခဲ့သည်။
![](https://img.wattpad.com/cover/351883333-288-k750728.jpg)
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...