Chapter 143
Chapter 143October 18, 2023
(ဦးခေါင်းခွံကြယ်ပင်လယ်ဓားပြ)လင်းရွှမ် သည် လင်းယောင်ယောင် ၏ ငြင်းဆန်လိုသော အကြည့်ကိုမြင်သောအခါ ကောင်မလေးမှာ စောစီးစွာ အိမ်ထောင်မပြုချင်သေးကြောင်း သိလိုက်သည်။သူ တစ်ချက်ဝမ်းနည်းသွားရသော်လည်း ဤမိန်းကလေးသည် စကားကိုချိုသာစွာ ပြောဆိုမှသာ အဆင်ပြေပြီး ကြမ်းကြမ်းတမ်းတမ်းပြောဆို၍မရကြောင်း သိပေသည်။ သူမကို အတင်းအကြပ် ဖိအားပေးလေလေ၊ သူ့ကို ပိုရွံရှာလေလေဖြစ်နိုင်သည်။ထို့အခါ သူဆီမှ ရုန်းထွက်ချင်လာပေလိမ့်မည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး၏ ရက်ရောမှုနှင့် အစွမ်းထက်သော လက်များက မိန်းကလေး၏ ပျော့ပျောင်းသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"မင်းက ငယ်သေးတယ် ဆိုတော့ လက်မထပ်ချင်သေးရင် ကိုယ်တို့ စေ့စပ်ထားလို့ရတယ်… ဘွဲ့ရပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်…မဟုတ်ရင် ကိုယ် အရမ်းစိတ်ပူရလိမ့်မယ်…အပြင်မှာက မင်းနဲ့အသက်တူရွယ်တူ လူငယ်တွေ၊ပိုထူးချွန်တဲ့လူငယ်တွေနဲ့တွေ့တဲ့အခါ ကိုယ့်ကို ပစ်သွားမှာစိုးတယ်… အရင်တုန်းကလည်း မင်းက ကိုယ့်ရဲ့ တည်ငြိမ်ပြီး လေးနက်တဲ့ပုံစံကို မကြိုက်ဘူးလို့ ပြောခဲ့တယ်မလား..."
လင်းရွှမ် က သူ၏ ပိုင်ဆိုင်လိုမှုများနှင့် စိုးရိမ်မှုများအကြောင်း ပြောပြလိုက်ရာ လင်းယောင်ယောင်မှာ ငြိမ်သက်သွားပြီး
"ဒါပေမယ့် ညီမလေးက အစ်ကိုကြီးကိုပဲ သဘောကျတယ်.. စိတ်မပူပါနဲ့၊ အစ်ကိုကြီး တစ်ယောက်တည်းကိုပဲ အမြဲတမ်း ချစ်နေမှာပါ"
ထို့နောက် သူမသည် လင်းရွှမ် ၏ နှုတ်ခမ်းများကို နမ်းရန် ပြင်လိုက်သည်။ သူမသည် ဖြည့်စွက် အစားအသောက် သုတေသနကို မြှင့်တင်ရန် အလွန်ကြိုးစားခဲ့ခြင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု နည်းပါးခြင်းကြောင့်ဖြစ်သည်။ သူမ၏ ရုပ်ရည်အသွင်အပြင်အားလုံးသည် မူလပိုင်ရှင်ဆီမှ အရာများဖြစ်သည်။အစားအသောက် ကုထုံးပညာရပ်ရှိ သူမ၏ အောင်မြင်မှုများသာလျှင် သူမပိုင်ဆိုင်သည်။ လင်းရွှမ် သည် မူလက အင်ပါယာ၏ စစ်နတ်ဘုရားဖြစ်ပြီး မရေမတွက်နိုင်သော မိန်းကလေးများ၏ အိပ်မက်ကြီးဖြစ်သည်။ အပြင်မှာ သူမထက် ပိုတော်သည့် မိန်းမများနှင့် တွေ့မှာကို သူမလည်း ကြောက်မိသည်။
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...