chapter 141

69 7 0
                                    

Chapter 141
Chapter 141October 18, 2023
(အာကာသခုန်ပျံကျော်လွှားခြင်းနည်းစနစ်)

ယနေ့ဆိုလျှင် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မ၏ ပိုင်နက်ထဲသို့ လင်းရွှမ် ကိုတွေ့ရန်ရောက်လာသည်မှာ တစ်လရှိပြီဖြစ်သည်။

168 ကို တာဇာဆန့်ကျင်ရေးမူဝါဒဖြင့် အောင်မြင်စွာ brainwash လုပ်ပြီးဖြစ်သောကြောင့် သူမ၏ အဓိကနေ့စဉ်တာဝန်မှာ 168 အသားများကို ဆေးဖက်ဝင်ဟင်းချို၏ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန်ဖြစ်သည်။  ထို့နောက် သူမသည် ထိုအသားကို ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားအတွက် ကောင်းမွန်သော ဆေးဖက်ဝင်ပစ္စည်းများနှင့် ရောစပ်ပြီးနောက် 168 အား ပြန်ကျွေးခဲ့သည်။

168 သည် မီတာ 1000 မြင့်သော အသားတောင်ကြီးမှ မီတာ 100 သာမြင့်သော အသားတောင်ငယ်တစ်ခု ဖြစ်သွားခဲ့သည်။ဤသည်က သူမဆီမှ အသားများစွာကို လှီးဖြတ်ထားခြင်းကြောင့် မဟုတ်ပေ။

အစပိုင်းတွင် 168 သည် လင်းယောင်ယောင် ၏ ဆေးဖက်ဝင်ဟင်းချိုကိုသာ သောက်ခဲ့ပြီးနောက် အသားများ ကြီးထွားမလာတော့ပေ။ သောက်ထားသော ဟင်းရည်သည် သန့်စင်သော စွမ်းအားနှင့် အညစ်အကြေးများကို ဖယ်ရှားထားသည့် အာနိသင်ရှိသည်။  နောက်ပိုင်းတွင်၊ 168 ထံမှဖြတ်ယူထားသော အသားများသည် အလွန်အကျွံမများပြားသော်လည်း သူမ၏ ကိုယ်ခန္ဓာအရွယ်အစားမှာ သေးငယ်လာရ၏။ ထို့အပြင် ကိုယ်လုံးအသားများသည် မူလက ပျော့အိအိနူးညံ့ညံ့ဖြစ်နေရာမှ ယခုဆို ဝါး၍ကောင်းပြီး အရည်ပျစ်ချွဲလာ၏။

အကြောင်းမှာ၊168 သည် ဆေးစွပ်ပြုတ်ကို အလွန်အကျွံသောက်သူဖြစ်သည်။ သို့ဖြစ်၍၊သူမ တစ်ကိုယ်လုံးသန့်စင်သွားပြီး အညစ်အကြေးများလည်း ထွက်သွားကာ တဖြည်းဖြည်း ကြွက်သားများ ကျုံ့သွားတော့သည်။

ထို့ကြောင့် 168 ၏ အရွယ်အစားသည် အလွန်သေးငယ်သွားသော်လည်း ကြံ့ခိုင်မှုမှာ လျော့နည်းခြင်းမရှိပေ။အရှိန်အဟုန်ကလည်း များစွာတိုးတက်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာလည်း များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။  SSS +ကို တရားဝင် အဆင့်မြှင့်တင်ရန် တစ်ဆင့်သာ လိုတော့သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now