ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

862 76 1
                                    

Chapter 17

(သူ့နှလုံးသားကို ကလိလာထိုးနေခြင်း)

စိတ်ဆင်းရဲနေသော်လည်း လင်းရွှမ် သည် ဤဒဏ်ရာအနည်းငယ်ကြောင့် B-အဆင့် ကိုယ်လုံး သို့တက်လှမ်းနိုင်ရန် လင်းယောင်ယောင် ၏မျှော်လင့်ချက်ကို စွန့်လွှတ်မည်မဟုတ်ပေ။ ကလေးမလေးက ဘာမှပြန်မပြောသော်လည်း သူမထက် ကိုယ်ဟန်အနေအထား ပိုကောင်းသူတွေကို မနာလိုဖြစ်နေမှန်း သူသိသည်။ အရက်ပြန်ကို ပွတ်သုတ်ပြီးနောက် ထိရောက်မှုမြန်ဆေးတစ်မျိုးကို သေသေချာချာ ထည့်ပေးလိုက်သည်။  ဝိုင်းဝိုင်းလေးနှင့် ချစ်စဖွယ် ခြေချောင်းလေးတွေကြားက အရည်ကြည် အဖုအထစ်လေးတွေက မကွဲသွားလျှင် ပိုကောင်းတာမို့ ဆေးကို ပွတ်လိုက်ရုံပင်။

အခြားနီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းအတွက် လင်းရွှမ် သည် နာကျင်မှုကို သက်သာစေရန် အမြန်ကုသသည့်ဆေးတစ်မျိုးအား ထည့်ပေးလိုက်သည်။ အရည်ကြည်ဖုများနှင့် လိမ်းဆေးများကို ကိုင်တွယ်နေတာကြောင့် လင်းယောင်ယောင် သည်နာကျင်ခံစားရပြီး အော်ဟစ်လိုက်သည်။

"ဖြည်းဖြည်းလုပ်ပါ"

ထို့နောက် သူမသည် ကတုန်ကယင်ဖြစ်ကာ အော်လိုက်ပြန်သည်။

"မလုပ်နဲ့...ရပ်တော့"

ထို့နောက် ခြေထောက်ကို ပြန်ရုတ်လိုက်၏။မသိလျှင် ညစ်ပတ်တာတွေ လုပ်နေသလို လူတွေ ထင်သွားကြပေလိမ့် မည်။

လင်းရွှမ် ၏နဖူးပေါ်ရှိ အပြာရောင်သွေးပြန်ကြောများက ပေါက်ထွက်မတတ် ဖောင်းအစ်နေသည်။ သူမ ခြေဖဝါးကို နည်းနည်းသာ ဆုပ်ကိုင်ထားရသော်လည်း ပါးလွှာသည့် အဖြူရောင်ခြေကျင်းဝတ်ကို ပြင်းပြင်းထန်ထန် မညှစ်ဝံ့ပေ။

"မင်း ထပ်အော်ရင် ငါ ဆေးစက်ရုပ်ကို ခေါ်ပေးမယ်"

ဤအရာအားလုံးသည် ဂရုစိုက်မှုနှင့် စိတ်ရှည်မှု လိုအပ်သည်။ ဆေးဘက်ဆိုင်ရာ စက်ရုပ်များသည် ကြိုတင်သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး အလွန်သိမ်မွေ့သော အလုပ်များကို မလုပ်နိုင်ချေ။ ဒဏ်ရာတွေကို ကုသနိုင်သော်ငြား နာကျင်စေမည်ဖြစ်သည်။ စက်တပ်ထဲမှာ ဆရာဝန်တွေ ရှိသော်လည်း အရေအတွက်က ရှားပါးလွန်း၏။ ဆရာဝန်များသည် ပြင်းထန်သောရောဂါများကိုသာ ဂရုစိုက်ကြပြီး ဤကဲ့သို့သော အသေးအမွှားပြဿနာများကို လုံးဝဂရုစိုက်မည်မဟုတ်ပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora