chapter 107

404 36 0
                                    

Chapter 107
Chapter 107October 03, 2023
( သူမ ပြန်မလာနိုင်တော့ဘူးလား?)

လင်းရွှမ် သည် ကိစ္စတစ်ခုကို အလွန်သဘောကျသွားသည်။ သူ့ ယောင်ယောင် က ရှောင်မင် ကို လုံးဝ မကြိုက်ခဲ့ဘူးဆိုခြင်းကိုပင်။သူသည် သူမအတွက် ပထမဆုံးသူပင် ဖြစ်သော်လည်း ယခုတော့ သူ့ဘေးတွင် မရှိပေ။ လင်းယောင်ယောင် နှစ်ဦးစလုံးက အချိန်နှင့်အာကာသအတွင်း ခရီးသွားကာ ဝိညာဉ်များကို ဖလှယ်နိုင်ပြီး ယခုအခါလည်း ဒုတိယအကြိမ် ပြန်လည်လဲလှယ်နိုင်ခဲ့ကြသည်။ထို့ကြောင့် တတိယအကြိမ် ထပ်မံလဲလှယ်ရန် မဖြစ်နိုင်တော့ဟု သူ ထင်မိသည်။ သူ၏ ယောင်ယောင် အမြန်ဆုံး ပြန်လာဖို့ မစောင့်နိုင်တော့ပေ။

ငယ်စဉ်ကတည်းက သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီမဖြစ်သူအပေါ် ထားသည့် သူ့ခံစားချက်များသည် အလွန်နက်နဲခြင်းမရှိသော်လည်း လက်ရှိ "လင်းယောင်ယောင်"၏ ဆန္ဒကို တစ်ကိုယ်ကောင်းဆန်စွာ လျစ်လျူမရှုနိုင်ရက်ပေ။ သူသည် ပျော်ရွှင်နေသည့်အသံလည်းမဟုတ်သလို၊  စိုးရိမ်ပူပန်မှုတို့ မပါဘဲ "လင်းယောင်ယောင်" ကို ပြောလိုက်သည်။

"မင်း အရင်ခေတ်ကို ပြန်သွားချင်သေးတာလား…အဲဒီမှာဆို လူတွေရဲ့ သက်တမ်းက တိုတယ်မဟုတ်လား… မင်းရဲ့ သက်တော်စောင့်ကလည်း ဘယ်လိုလူမျိုးမို့လဲ"

" ယန်လဲ့ က ညီမရဲ့ ချစ်သူမို့လို့ပါ"

ရှေး‌ေခတ်ကမ္ဘာမှ အငြိမ်းစား အထူးစစ်သားတစ်ဦးအနေဖြင့် ယန်လဲ့၏ ကိုယ်ကာယကြံ့ခိုင်မှုသည် ကြယ်တာရာခေတ်မှ တိုက်ခိုက်ရေးသမားများနှင့် မယှဉ်နိုင်ကြောင်း မူလက သူမ ခံစားခဲ့ရသည်။သို့သော်၊ထိုခေတ်မှာတော့ သူက ထိပ်တန်းစစ်သားတစ်ဦးပင်။ သူ့မှာ ကြယ်တာရာခေတ်ကလိုမျိုး အထူးစိတ်စွမ်းအင်များ မရှိသဖြင့် တစ်ခုခုကြုံလာပါက ကိုယ်ကာယကြံ့ခိုင်အားကိုသာ အားကိုးရသည်။ သူသည် နံရံများပေါ်သို့ တွယ်တက်ရန် ကြိုးများကို သုံးရသလို ၊မီးဘေး ရေဘေး စသည်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံလာသောအခါမှာလည်း လက်တွေ့ကျကျနည်းလမ်းများကိုသာ ထုတ်သုံးရ၏။  အတိုချုပ်ပြောရလျှင် သူက အလွန်ချောပြီး အတော်မိုက်ပေသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now