chapter 156

34 6 0
                                    

Chapter 156
Chapter 156October 22, 2023


မကြာမီ 168 ဦးဆောင်သော ပင်မအာကာသယာဉ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်ဆင်းလာသည်။ 168 နှင့်အတူ ဧရာမ အာကာသယာဉ်ကြီး ပိုးပေါက်စုပ်ဝဲ ထဲမှ ပေါ်လာသည်နှင့် တပြိုင်နက် ပင်မအာကာသယာဉ်၏ ဆင်းသက်ဇုန်မှာ အလင်းရောင်များ ဖြိုးဖြိုးဖျက်ဖျက် လင်းလာကြ၏။

ထိုအခိုက်ဝယ်၊လင်းရွှမ် ၏ ကင်းလှည့်အာကာသယာဉ်သည် ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မ အာကာသယာဉ်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်ခဲ့သော်လည်း ပိုင်ရွှင်း ပိုင်ဆိုင်သော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ငယ်များသည် နောက်ပြန်ဆုတ်သွားခဲ့သည်။ ထိုအခါ ပင်မ အာကာသယာဥ်က ကင်းလှည့်အာကာသယာဥ်ကို အလင်းရောင်ဖြင့် ဖုံးအုပ်ထားပြီး ညသိမ်းငှက်တပ်ဖွဲ့ ပင်မအာကာသယာဉ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

ထိုအချိန်တွင်၊ ပိုင်ရွှင်း ၏အသေးစားအာကာသယာဥ်များနှင့် တိုက်လေယာဉ်များသည် အခွင့်ကောင်းယူကာ ကင်းလှည့်အာကာသယာဉ်ကိုပစ်ခတ်ခဲ့သော်လည်း တိုက်ခိုက်မှုအားလုံးကို ခံစစ်အားကောင်းသဖြင့် ဖယ်ရှားပစ်နိုင်ခဲ့သည်။ လင်းရွှမ် သည်လည်း သူ၏ SSS+ အဆင့် စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးအဖုံးကို ဖယ်ရှား၍  ပင်မအာကာသယာဉ်ထဲသို့ ဝင်ပြီးနောက်၊ ပိုင်ရွှင်း ကို ကိရိယာမှတစ်ဆင့် ချိတ်ဆက်၍ ပြောဆိုလိုက်သည်။

"တိုက်ချင်သလား…အဆုံးထိ တိုက်ခိုက်ကြရအောင်"

ပိုင်ရွှင်း မတုံ့ပြန်ခင်မှာ ဝေ့လင်း က ဖုန်းချလိုက်သည်။ ဝေ့လင်း ၏ နည်းပညာဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုကြောင့် ညသိမ်းငှက်တပ်ဖွဲ့ ၏ ပင်မစစ်ဘက်ဆိုင်ရာ အာကာသယာဉ်မှ ဉာဏ်ရည်ထက်မြက်သောစနစ်သည် တာဇာ မဟာမိတ်ရှိ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အာကာသယာဉ်များကဲ့သို့ ကောင်းမွန်ခြင်းမရှိသော်လည်း အရင်ကထက်စာလျှင် များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ပေသည်။

မက်မွန်သီးရောင်ဇာ့ခ် 168 သည် အာကာသယာဉ်အထက်တွင် နေပြီး လင်းရွှမ်၏ အမိန့်ကို လုံးဝမလိုအပ်ပေ။သူမသည် ထောင်ပေါင်းများစွာသော ဇာ့ခ် ပိုးမျှင်များကို ထုတ်လွှတ်လိုက်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now