chapter 86

429 37 0
                                    

Chapter 86
Chapter 86September 24, 2023


အစားအစာကို ရွံရှာဖွယ်ကောင်းသည်ဟု ပြောဆိုခဲ့သော ဂျူနီယာ ချောင်းရို့သည် လင်းယောင်ယောင် အား လေးနက်စွာ တောင်းပန်ခဲ့ဖူးသည်။  နောက်ပိုင်း ၊အခြားသူများက ဇာ့ခ် အသားစားခြင်းကို သူလက်ခံနိုင်သော်လည်း ဇာ့ခ်များကို သူမုန်းသည့်အတွက် အသားများကို ကိုင်တွယ်ဖြေရှင်းဖို့ မကူညီချင်တာကြောင့် လူတိုင်းက သူ့ကို လျစ်လျူရှုထားကြ၏။

ပါဝင်ပစ္စည်းများက ဘယ်လောက်ပဲ အရသာရှိရှိ၊တစ်ချို့လူတွေကလည်း မကြိုက်ကြပေ။

မြို့တော်၏ အခြားတစ်ဖက်တွင် လင်းရွှမ်က လုလင်းအား လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုတည်ဆောက်ရန် တောင်းဆိုခဲ့သည်။  နယ်ခြားကြယ်တာရာတွင် တပ်စွဲထားသော ညသိမ်းငှက် ထံသို့လည်း အဝေးမှ ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။လာမည့်၊ လအနည်းငယ်အတွင်း ဘယ်အချိန်ကျလျှင် SSS-အတန်းစား ဇာ့ခ် ဘုရင်မကို ချေမှုန်းရန် အမိန့်ရလာမည်ကို သူ မသိသော်လည်း၊ ပြင်ဆင်ထားရမည်ဖြစ်သည်။

လင်းယောင်ယောင် ၏ စိတ်ကူးအိပ်မက်ထဲတွင်၊ SSS အတန်းအစား ဇာ့ခ်ဘုရင်မ သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ဧရိယာအတွင်းရှိ သက်ရှိများ တစ်ဘီလီယံခန့် နေထိုင်နိုင်သော ကြယ်တာရာတစ်ခုတွင် ရှိနေကြောင်း ယောင်ဝါးဝါးသာ သိထားခဲ့သည်။မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ တွင် ထိုကဲ့သို့ သော ကြယ်တာရာသုံးပွင့်ရှိသည်။

ထို့ကြောင့် လင်းရွှမ် ကြိုတင်စီစဉ်ထားရမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ လူနေရပ်ကွက်များရှိ အမြင့်ဆုံး အရေးပေါ်အမိုးအကာများ ဆောက်လုပ်ရန်၊ အရေးပေါ် အသက်ကယ်လှေများ အလုံအလောက်ပြင်ဆင်ရမည်ဖြစ်ပြီး၊ ဇာ့ခ် ဆင်းသက်သည့်နေရာများဖြစ်လာနိုင်သည့် ဟင်းလင်းပြင်လို နေရာများတွင် မြေပြင်အခြေအနေ စစ်တမ်းများကောက်ယူကာ အဝေးမှထိန်းချုပ်ထားသော ဇီဝနှင့် ဓာတုဗုံးများကို ပြင်ဆင်ထားရန်... အစရှိသည်တို့ဖြစ်သည်။

သူ့တွင် အချိန်အကြာကြီး အတူနေလိုသော သူမ ရှိသောကြောင့် SSS အဆင့် ဇာ့ခ်ဘုရင်မကို ချေမှုန်းရန် သူ့အသက်ကို စတေးမည်မဟုတ်ပေ။ သို့သော်လည်း SSS အဆင့် ဇာ့ခ်ဘုရင်မ ပေါ်လာပါက၊ နယ်မြေအတွင်း နေထိုင်သူများ၏ လုံခြုံရေးကို ကာကွယ်ရန်မှာလည်း သူ၏ တာဝန်ဖြစ်သည်။ သူလုပ်နိုင်သမျှမှာ SSS-အဆင့်ဇာ့ခ်များကို အနိုင်ရဖို့ အခွင့်အလမ်းပိုများကြောင်း သေချာအောင် ကြိုပြီး ဖြန့်ကျက်ထားရမည်ဖြစ်ပေသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now