ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

893 69 0
                                    

Chapter 56

နောက်တစ်နေ့မနက်တွင် လင်းယောင်ယောင် သည် အားလူံနှင့်အတူ ဖြည့်စွက်အစားအသောက်ဌာန၏ ရုံးခန်းကို သွားသော်လည်း ဆရာမ ဝမ့်ချိုးရှား က သူမနှင့် ဆွေးနွေးစရာတစ်ခုရှိနေသည်ဟု ဆိုသည်။

ကြယ်တာရာခေတ်ကျောင်းများတွင် အတန်းပိုင်ဆရာ မရှိသဖြင့် ကျောင်းသားများသည် ပိုလွတ်လပ်သည်။ ပုံမှန်အချိန်များတွင် ပြဿနာတစ်စုံတစ်ရာရှိပါက၊ ပညာရေးစီမံခန့်ခွဲမှုစနစ်သို့ တိုက်ရိုက်သတင်းပို့နိုင်သည်။ သို့သော်လည်း အဓိက ဘာသာရပ်အများစုကို သင်ကြားပေးသည့် ဆရာမအနေနှင့် ဆရာ ဝမ့် ကသာ အားလုံးကို ဂရုစိုက်လေ့ရှိ၏။ လင်းယောင်ယောင်သည် စိတ်ဝင်တစား မေးလိုက်သည်။

"ဆရာမ ဘာပြောစရာရှိလို့လဲ"

ဆရာမ ဝမ့် : "နေ့လည်ခင်းတွေက အစားအသောက် ချက်ကြတဲ့ စမ်းသပ်မှုတွေပါ...လက်‌ေတွ့လုပ်ရတာပေါ့... မင်း အတန်းတက်စရာ မလိုဘူးထင်တယ်... လင်းယောင်ယောင်"

လင်းယောင်ယောင် စိုးရိမ်သွားသည်။

"အာ... ဘာလို့လဲ"

"ဒီအပတ်မှာ သမီးရဲ့ တိုးတက်မှုကို ဆရာမ သေသေချာချာ လေ့လာခဲ့ပြီးပြီ...ချို့ယွင်းချက်တွေအများကြီးရှိတယ်... သီအိုရီအခြေခံကနေ သင်ယူဖို့လိုတယ်…ဒါပေမယ့် လက်တွေ့လုပ်တဲ့ စွမ်းရည်အရဆိုရင်တော့ မင်းက သူတို့ထက် အများကြီးသာနေတယ်...ဒီလို အတန်းမျိုးတက်ရင်လည်း သမီးအတွက် ဘာအကူအညီမှ မဖြစ်နိုင်ဘူးလေ… ဆရာမ သိထားတာကတော့  ဆရာမတို့ အစားအသောက်ကုထုံးဌာနရဲ့ ဂုဏ်ထူးဆောင် လက်ထောက်ကျောင်းအုပ်နဲ့ အဆောင်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ အဘိုးကြီးချိုက်က သမီးကို တပည့်အဖြစ်ခေါ်ထားတယ် လို့ သိရတယ်… ဒါနဲ့ သမီးရဲ့ အခြေအနေကို မစ္စတာ ချိုက်ကို တိုက်ရိုက် တင်ပြခဲ့တယ်...ဒါ‌ကြောင့်သမီး ဆက်ပြီး စမ်းသပ်မှုတွေ လုပ်ချင်ရင် အနောက်ကမ်းပက်စ် မှာရှိတဲ့ အစားအသောက်လက်ထောက်ကုထုံး သုတေသနအခြေစိုက်စခန်းကိုသွားပြီး သူနဲ့ တွေ့နိုင်တယ်”

ထို့နောက် ဆရာမ ဝမ့် သည် တည်နေရာနှင့် အီလက်ထရွန်းနစ် ခွင့်ပြုချက် ဆိုင်ရာ အတည်ပြုအချက်အလက်များအား သူမ၏ ကျောင်းသားအကောင့်ထဲကို ပို့ပေးလိုက်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora