Chapter 153
Chapter 153October 20, 2023စိတ်အနှောင့်အယှက်ဖြစ်ရသော မစ္စပိုင်ကိုရင်ဆိုင်ရသည်မှာ လင်းရွှမ် အတော်လေး ဒေါသထွက်ရသည်။ သူ့အတွက်ကတော့ ဉာဏ်ရည်မမီ၊လူလိုနားမလည်သည့် မိန်းမမျိုးနှင့် ဆက်ဆံရခြင်းက အချိန်ဖြုန်းခြင်းပင်။ သို့သော်လည်း ပိုင်ရွှင်း နှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းကြောင့် ပိုင်ရွှယ် ကို ကြမ်းတမ်းစွာပြောဆိုပြီး မဖယ်ချနိုင်ခဲ့ပေ။ ထို့ကြောင့် လင်းယောင်ယောင်ကို နောက်လာမည့် အရောင်းအဝယ်ကိစ္စတွင် အတူခေါ်သွားရန် ရည်ရွယ်ထားသည်။ သူ၏ယောင်ယောင်သည် အပြင်ပိုင်းရော အတွင်းစိတ်ပါ ထိုမိန်းမမျိုးနှင့် ဘယ်လိုယှဉ်ယှဉ် ယှဉ်နိုင်သူပင်။ ထိုအခါ ထိုမိန်းမကလည်း သူနှင့်အဝေးကို ရောက်သွားပေလိမ့်မည်။
လင်းယောင်ယောင် နားလည်မှု မလွဲစေရန်အတွက် သူ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အခြေအနေကို အသေအချာ ရှင်းပြခဲ့သည်။သို့သော်၊သူမကမူ ဤကိစ္စကို အလွန်ဒေါသထွက်ခဲ့သည်။
"အို သူကများ ငါ့ချစ်သူကို လုချင်နေတာပေါ့လေ…ပိုင်ရွှယ်မကလို့ ဟယ်ရွှယ်ဆိုလည်း ဂရုမစိုက်ဘူး...ကိုယ့်နေရာကိုယ်သိအောင်တော့ ဆုံးမရမှာပဲ"
("ပိုင်" သည် အဖြူရောင်ဖြစ်ပြီး "ဟယ်" သည် အနက်ရောင်ဖြစ်သည်။)
လင်းရွှမ် စကားထဲမှာ ပိုင်ရွှယ်အပေါ် မနှစ်မြို့ပုံပေါက်နေသည့်အတွက် သူမ ကြိတ်ပျော်မိလေသည်။ သို့သော် အပေါ်ယံကတော့ သူ့ကို မျက်စောင်းထိုးလျက်
"သူမကို ကယ်ဖို့ ဘယ်သူက ခိုင်းလို့လဲ… ရှင်ရဲ့ လက်အောက်ငယ်သားတပည့်တွေကို ခိုင်းလိုက်လို့ မရတာလား…ကောင်မလေးကို သွားမဆွဲဆောင်ရင် ရှင် သေသွားမှာမလို့လား"
လင်းယောင်ယောင် က သူ့ကို တစ်ကယ်စိတ်မဆိုးမှန်း လင်းရွှမ် သိသည်။ ကောင်မလေးက သဝန်တိုဖြစ်နေခြင်းဖြစ်၍ သူလည်း ပျော်မိလေသည်။
"ဟုတ်တယ်၊ ဟုတ်တယ် ကိုယ့်အမှားပါ…နောက်တစ်ခါ ဒီလိုအခြေအနေမျိုးရောက်ရင် တခြားလူတွေကို ခိုင်းမယ်လို့ ကတိပေးတယ်"

ВЫ ЧИТАЕТЕ
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Любовные романы💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...