Chapter 130
Chapter 130October 09, 2023"ဒီဇာ့ခ်တွေက ကြောက်စရာကောင်းပေမယ့် သူတို့ကို ဘာမှသွားမစရင်ကြောက်စရာ မလိုပါဘူး"
လင်းယောင်ယောင်: "ကျွန်မ မကြောက်ပါဘူး"
ဒီပါဝင်ပစ္စည်းတွေကို နေ့တိုင်းကြည့်နေတဲ့ စားဖိုမှူးက ကြောက်နေမှာလဲ…
ထိုအခါ ဗိုလ်မှူး လီက သူမသည် မာနခပ်ကြီးကြီးဖြစ်နိုင်သည်ဟုတွေးကာ အပိုစကား မပြောတော့ပေ။
ဂူထဲတွင် အကောက်9ခုနှင့် လမ်းခွပေါင်း 18ခုရှိသည်။ များမကြာမီတွင်၊ ဇာ့ခ်အမျိုးအစားအားလုံး မတွေ့ရတော့ဘဲ ဂူတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေသည့် နှင်းဖြူရောင် ဇာ့ခ်ပိုးမျှင်များသာ တွေ့ရတော့သည်။ ဤပိုးများပေါ်တွင် ရိက္ခာများအဖြစ် ဆွဲယူလာသော သားလောင်း ဇာ့ခ်အနည်းငယ်ကိုလည်း တွေ့ခဲ့ရသည်။ ပိုးချည်မျှင်စွန်းများသည် နို့နှစ်ရောင် အမှုန်အမွှားလေးများ ထွက်နေသည်။ ထိုသေးငယ်သော အမှုန်အမွှားများသည် မြေပြင်ပေါ်တွင် လူးလှိမ့်လာသောအခါ၊ အရွယ်အစားမှာ 3စင်တီမီတာ မှ 50 စင်တီမီတာရှိ ခရင်မ်ဝါရောင် ဇာ့ခ်ဥများ ဖြစ်လာသည်။ ဥများနှင့် 3ကိုက်ခန့်အကွာတွင် ဥခွံများကို စားသုံးပြီး တွားသွား၍ထွက်လာသော မွေးကင်းစဇာ့ခ်များကို တွေ့ရသည်။ ယေဘူယျအားဖြင့် ပိုးမျှင်မှကျလာသော ဥများသည် အမျိုးအစားအားလုံး တူညီကြသည်။
ထိုစဉ် လင်းယောင်ယောင်မှာ သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။ သူမသည် အလွန်အာဟာရပြည့်ပြီး အရသာရှိသော ဇာ့ခ်ဥများကို စုဆောင်းချင်မိသည်။ ဤဇာ့ခ်ဥများသည် မြေဆီလွှာစားသော သားလောင်းများထက် သေချာပေါက် ပိုအရသာရှိသည်။မကြာမီ သူတို့သည် ကီလိုမီတာ အချင်းရှိသော ဂူကြီးကို ဝင်သွားရာ သေးငယ်ပြီး ပေါက်စလေးဖြစ်နေသော လင်းယွင် နှင့် အသားတောင်ပုံသဏ္ဍာန်ရှိသော မက်မွန်သီးရောင် ဇာ့ခ်ဘုရင်မသည် သူမ ရှေ့တွင် ပေါ်လာသည်။
"ဝိုး၊ ဒါတွေအားလုံးက အသားတွေချည်းပဲ…နူးညံ့လိုက်တာ…အရမ်းအရသာရှိမှာပဲ"

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...