Chapter 97
Chapter 97September 29, 2023
(အနမ်းတစ်ပွင့်ပေးပြီး အပစ်ခံလိုက်ရတာလား)ညနေပိုင်းတွင် Star Network သို့သွားသောအခါ လင်းယောင်ယောင် သည် မက်ခါပြိုင်ပွဲပလက်ဖောင်း သို့သွားဖို့ စိတ်မ၀င်စားဘဲ ဖြစ်နေချိန်မှာ လင်းရွှမ် က သူမ၏ Star Network အစားအသောက်ကုထုံးဓာတ်ခွဲခန်းသို့ လာရန် တောင်းဆိုခဲ့သည်။
သူမသည် ဇာ့ခ်အသားအရသာမျိုးစုံကို ပြုလုပ်ရန် ကြိုးစားပြီးဖြစ်သော်လည်း မကျေနပ်နိုင်သေးပေ။ "ရှေးတရုတ်အစားအစာအိမ်" တွင်လည်း သူမ ပြုလုပ်ခဲ့သော အစမ်းချက်ထားသည့် အစားအစာအားလုံးကို ထည့်ထားပြီးဖြစ်၏။
ယနေ့ လင်းရွှမ်၏ ညစာသည် စက်ရုပ်များ ပြုလုပ်ထားသော သာမန်ဟင်းလျာမျှသာဖြစ်သည်။သူမ ထံမှ သိမ်းဆည်းရလွယ်ကူသော ဖြည့်စွက်အစားအစာအချို့ကို သူ၏ အာကာသခလုတ်ထဲတွင် ယူဆောင်လာခဲ့သော်လည်း ဟင်းများအတွက် နေရာက မဆံ့ပေ။ ထို့ကြောင့် သူမ၏ Star Network အစားအသောက်ကုထုံးဓာတ်ခွဲခန်းသို့သွား၍ သူကျေနပ်သည်အထိ စားခဲ့သည်။
သူမက သူ့ကို ပေးခဲ့သည့်ဝေစုတစ်ခုအပြင် "ရှေးတရုတ်အစားအစာအိမ်" မှာ သူမ တင်ထားသည့် ဖြည့်စွက်အစားအစာတိုင်း၏ သီးသန့်ဝေစုကို ရယူနိုင်ဖို့အတွက် စျေးဝယ်ပလက်ဖောင်းကို ဟက်ခ်ဖို့ လုလင်း အား ခိုင်းထား၍ နောက်ဆို သူ ဖြည်းဖြည်းချင်း စားနိုင်ပေသည်။ လုလင်း ကလည်း သူ(လုလင်း)အတွက် ဝေစုနုတ်ယူထားမှာကို သိသော်လည်း တပည့်လူရိုးလေးသည် ယောင်ယောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ ကြိုက်သူဖြစ်ပြီး တခြားအတွေးများမတွေးသူဖြစ်၍ အသာပဲ ပါးစပ်ပိတ်နေလိုက်တော့သည်။
လုလင်း ဟက်ခ်နေရင်းနှင့် အခြားလူခုနစ်ယောက်ကလည်း ဝေစုရယူရန် မာစတာဟက်ကာများကို ငှားရမ်းခဲ့ကြောင်း သိရှိခဲ့ရသည်။ သူတို့ထဲက သုံးယောက်မှာ ရှောင်ချီ၊ ရှောင်ကျန်း နှင့် ရှောင်မင် တို့ဖြစ်ပြီး ကျန်လေးယောက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က ဇာ့ခ်အသားမြည်းစမ်း ပွဲသို့ သွားခဲ့ကြသည့် စစ်သည်များပင်။
လင်းယောင်ယောင် ၏ ဖြည့်စွက် အစားအစာများကို တစ်ကြိမ်လျှင် ၁၀ပွဲမှ ပွဲ၂၀ အထိသာ ရောင်းချသည်။ ရှောင်ချီ အတွက်က သိပ်အရေးမကြီးပါပေ။ လင်းယောင်ယောင် က သူ့ကိုအရင်ကတည်းက အစားအသောက်များ မြည်းစမ်းခိုင်းခဲ့သည်ပင်။

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...