ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.5K 109 0
                                    

Chapter 4
(အစ်ကိုကြီးက ရက်စက်ကြမ်းကြုတ်လိုက်တာ)

လင်းယောင်ယောင် သည် သူမ၏ မိဘများနှင့် အစ်ကိုကြီးကို တစ်လှည့်စီကြည့်လိုက်သည်။ထို့နောက် လေးနက်နေပြီး တည်ကြည်ပြတ်သားစွာဖြင့် ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ အစားအသောက်ကုထုံးပညာရှင်ဘွဲ့ကို သမီး ရွေးချယ်ခဲ့တာက ဘယ်ကောင်လေးကိုမှ ကြိုက်ချင်လို့မဟုတ်ပါဘူး....အမေပြောခဲ့သလိုပဲ ယောက်ျားတွေဆီက အာရုံစူးစိုက်ခံချင်ရင်၊ တစ်ခါတစ်လေ ထမင်းဟင်း တစ်နပ်၊နှစ်နပ် ချက်ကျွေးလည်း ရတာပါပဲ"

သူမ ဆက်လက်ပြီး…

"သမီးက ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ဓာတ်ခွဲခန်းမှာ တစ်နေကုန် မနေချင်ဘူး...ပြီးတော့ ဂီတကိုလည်း သိပ်စိတ်မဝင်စားပါဘူး…သမီးက အစားအသောက် ချက်ပြုတ်တာကို ကြိုက်တာကြောင့်ပဲ ရွေးချယ်ခဲ့တာပါ… အစားအသောက် ဖြည့်စွက်ဌာနကလည်း နေ့တိုင်းဖြည့်စွက်စာတွေ လုပ်ရမယ်လို့ မဆိုလိုပါဘူး…တန်ဖိုးနေရာက   ပြောရင် အစားအသောက် ဖြည့်စွက်ဆေး ကုထုံးတွေက ပိုခက်ခဲမယ် ထင်ပါတယ်…တစ်ကယ်တော့ အစားအသောက် အာဟာရ ကုထုံးတွေက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ ဝေဒနာရှင်တွေမှာ ပြဿနာကို သက်သာရာရစေမယ့် တစ်ခုတည်းသော သူတွေပဲ...အဖိုးဆိုရင် နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေခဲ့တာ...သူလည်း ဖြည့်စွက်စာ အမျိုးမျိုးကို တစ်နှစ်ပတ်လုံး စားတာပဲ…ဒါပေမယ့် သက်သာရုံပဲ သက်သာတယ်လေ.... လုံးဝပျောက်ကင်းအောင် မကုသနိုင်ဘူး...အစားအသောက် ကုထုံးပညာရှင်တွေလုပ်တဲ့ အစားအစာက ဘယ်လောက်ပဲ အရသာရှိရှိ၊ ကျန်းမာရေးအတွက်မလို့ စားနေရတာဆိုတဲ့ စိတ်ကလေးရှိကြတယ်.... ဒါပေမယ့် အဖိုးကိုသာ သူ့မြေးလေးက လာကျွေးမယ်ဆိုရင် သူ့အတွက် ပိုကောင်းလာမှာပဲ"

လင်းထျန်းယွဲ့ ၏ဖခင် လင်းကျန့်ဟိုင် ၏ ဝိညာဉ်ရေးနယ်ပယ်သည် လွန်ခဲ့သောနှစ်ပေါင်း 20 ကျော်ကတည်းက လုံးဝပြိုကျသွားခဲ့သည်။ သူ့မှာ စစ်ဗိုလ်ချုပ်ရာထူးတစ်ခု ရှိနေသေးသော်လည်း အာဏာကနည်းပါးလှသည်။သူသည် စစ်မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်နိုင်သောကြောင့် တဖြည်းဖြည်း ချောင်ထဲရောက်သွား၏။ထိုမျှမကဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူများသည် အမြဲတမ်း ခေါင်းကိုက်ဝေဒနာကို ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေကိုလည်း ဘယ်လိုမှ မခံယူနိုင်ကြပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now