chapter 91

500 48 0
                                    

Chapter 91
Chapter 91September 26, 2023
(VIPအခန်း)

အမြဲစိတ်ကောင်းရှိသူ ဝေ့ယွမ် မှာ ဒေါသ ပေါက်ကွဲအားကို မထိန်းနိုင်တော့ပေ။

"ဖာ့ခ်...လင်း မိသားစုက ငါတို့ညီမလေးကို ပြုစုပျိုးထောင်ထားတာတွေကို  ဒီလို အကြွေးဆပ်ခိုင်းတာလား...အခု သူမ ကြီးလာပြီဆိုတော့လည်း မလွှတ်ပေးနိုင်ဘဲ ပြန်ခေါ်ဖို့ ကြံနေတာမလား"

သို့သော်၊ ဖက်ထားရုံနှင့်တော့ ဘာမှမဖြစ်သွားနိုင်ပေ။ ချောင်းမင်ယောင် အမြင်မှားတာလည်း ဖြစ်နိုင်ကြောင်း သူ့စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှိနေသေးသည်။ ထို့ကြောင့်၊ လင်းယောင်ယောင် နှင့်  စကားစမြည်ပြောဖို့ ပွဲအပြီးအထိ စောင့်ရန်စီစဉ်ထားသည်။

ဧည့်သည်အများစုသည် သာမန်အရသာမြည်းသည့် ခန်းမထဲတွင်ပင် အတော်လေး ဝမ်းသာပျော်ရွှင်နေလေသည်။ ဧည့်သည်အများစုသည် Star Network မှ လင်းယောင်ယောင်ပြုလုပ်သော ဖြည့်စွက်အစားအစာကို စားဖူးကြသူများဖြစ်သည်။သူတို့ကိုယ်တိုင်က "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" သည် ဝိညာဉ်ရေးရာနယ်ပယ် ပျက်စီးခြင်းအပေါ် အထူးကောင်းမွန်ပြီး ဇာ့ခ်များ တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအား အလွန်ထိရောက်စွာ တိုက်ဖျက်နိုင်မှန်း သိထားပေသည်။

သို့သော်၊ ဇာ့ခ်အသား၏ နူးညံ့ထူးခြားသော အရသာနှင့် အစွမ်းထက်သော ကုထုံးအကျိုးသက်ရောက်မှု၊ ကြွယ်ဝသောစွမ်းအင်တို့က သူတို့၏ အစာအိမ်နှင့် နှလုံးသားများကို လျင်မြန်စွာသိမ်းပိုက်နိုင်ခဲ့သည်။ယခု သူတို့စိတ်ထဲမှာ တိမ်ပျံစီးနေရသလို ငြိမ့်ငြောင်းသာယာလျက်ရှိပေသည်။ 

လင်းယောင်ယောင်၏ဆရာသမားများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများမှာ ဇာ့ခ်အသားကို ကိုယ်တိုင်ကိုယ်ကျ စမ်းစားကြည့်ပြီးနောက် အလွန်ပင် ကျေးဇူးတင်နေကြ၏။

"အိုး ဘုရား ဘုရား...ဒီလို အရသာရှိတဲ့ ဟော့ပေါ့ဆိုတာမျိုး တစ်ခါမှကို မစားဖူးပါလား.… ဒီစွပ်ပြုတ်၊ ဒီဆော့စ်၊ ဒီ ဇာ့ခ်အသား၊ တစ်ခုစီတိုင်းက အရမ်းအရသာရှိတာပဲ"

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now