Chapter 62
Chapter 62September 15, 2023အဘိုးေ၀့နှင့်အဘွားေ၀့တို့သည် ထိုညီအစ်မနှစ်ဦးဆီမှ မိဘအရင်းအကြောင်းပိုမိုသိရှိစေရန် ဆိုင်နှစ်ဆိုင်ကို သူမနာမည်အောက် လွှဲပြောင်းကာ ရင်နှီးမှုရယူစေရန်ဖြစ်လိမ့်မည်။လင်းယောင်ယောင်မှာ သူမ မိဘနှစ်ပါးကို တစ်ခါမျှမမြင်ဖူးသော်လည်း တစ်ဦးအပေါ်တစ်ဦး လေးလေးနက်နက် ချစ်ခင်တွယ်တာကြမည့် စုံတွဲဖြစ်လိမ့်မည်ကို ခန့်မှန်းကြည့်နိုင်သည်။အဖေဖြစ်သူ ေ၀့လင်းက ရိုးသားဖြောင့်မတ်ပြီး ရဲရဲရင့်ရင့်သွေးအေးသူဖြစ်သော်လည်း ဇနီးနှင့်သမီးကို အလွန်အမင်း ချစ်ခင်သည်။
သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့်...
"ကျွန်မကို မစ္စ ယောင်ယောင်လို့မခေါ်ပါနဲ့ အမေကိုတောင် အစ်မလို့ပဲခေါ်တယ်မလား အစ်မတို့နှစ်ယောက်က ကျွန်မ အဒေါ်နဲ့မတူအောင် အရမ်းကိုမှနုနေပါသေးတယ် အစ်မ ဖုယင်းနဲ့ အစ်မ ဖုလျိုလို့ပဲ ခေါ်မယ်နော်"
သူမက ဆက်၍ မနေနိုင်စပ်စုကြည့်လိုက်သည်။
"အားလုံးက ကျွန်မကို အမေနဲ့ တော်တော်တူတယ်လို့ပြောကြတယ်...တကယ်တော့ မိဘတွေ ဘယ်လိုပုံလဲဆိုတာ တစ်ခါမှမမြင်ဖူးဘူး အစ်မတို့နား ဓာတ်ပုံလေးများ ရှိမလား"
ဖုယင်းက ကြင်နာစွာပြုံးပြီး...
"ေ၀့မိသားစုအိမ်မှာ သခင်တွေက သခင်မကြီး စိတ်မကောင်းဖြစ်မှာစိုးလို့ သူတို့နှစ်ယောက်အကြောင်း ပြောခွင့်မပေးဘူး ဓာတ်ပုံတောင် မထားရဲပါဘူး အစ်မဆီမှာ ရှိတော့ရှိမယ် ထင်တယ်"
ဖုလျိုက ဖုန်းကို အသာလေး ဖွင့်လိုက်ပြီး လျှို့၀ှက်ဖိုင်ထဲမှ ဟိုလိုဂရပ်ဖစ် ပုံသွင်းထားသော ဓာတ်ပုံကို ဖွင့်လိုက်သောအခါအနက်ရောင် စစ်ယူနီဖောင်းဝတ်ဆင်ထားသော ဝေ့လင်းနှင့် ဂါ၀န်ဖြူဖြူဖြင့်လှနေသော
ချမ့်ယောင်တို့၏ မင်္ဂလာဓာတ်ပုံကိုတွေ့လိုက်ရသည်။
ဝေ့လင်း၏အသွင်အပြင်မှာ မျက်နှာထားတင်းမာနေကာ တည်ငြိမ်ခံ့ညားနေပြီး အနားရှိ အမျိုးသမီးသည် အလွန်နူးညံ့သိမ်မွေ့ ၍ ကြင်နာနွေးထွေးပုံရသည်။ခင်ပွန်းဖြစ်သူလက်မောင်းကို ကိုင်ထားပြီး သူမ၏ ရွှေရောင်ဖျော့ဖျော့ ဆံပင်လေးများက လက်ရာမြောက်သော ဆံထုံးကလေးဖြင့် ရင်သပ်ရှုမောဖွယ်မျက်နှာပေါ်တွင် တောက်ပသောမျက်လုံးဝိုင်းဝိုင်းကလေးများက ခင်ပွန်းဖြစ်သူကို ပျော်ရွှင်စွာပြုံး၍မော့ကြည့်နေသူ ဇနီးဖြစ်သူအလှမှာ ပြိုင်ဘက်မရှိလှပလွန်းသည်။
ŞİMDİ OKUDUĞUN
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romantizm💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...