ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.1K 97 0
                                    

Chapter 14

(အစ်ကိုကြီးက နည်းပြဆရာဖြစ်လာခြင်း)

အဓိက ဗိုလ်ချုပ်၏ နှလုံးသားထဲတွင် နာကျည်းမှု ပူဖောင်းငယ်များ မြင့်တက်သွားသည်။ ချက်ချင်းဖခင်ဖြစ်သူဆီကိုအမေဖြစ်သူအား တိုင်တန်းချင်လာ၏။

"အဖေ့မိန်းမကို ထိန်းလို့ရမလား… အသက်က ဘယ်လောက်ရှိပြီလဲ…သားရဲ့ မုန်ကိုတောင် လုစားနေပြီ… ကလေးဆန်တယ်…"

အဆာပြေစားပြီးနောက် လင်းရွှမ် သည် ရေချိုးပြီး အဝတ်အစားလဲကာ အပြင်သို့ပြန်သွားခဲ့သည်။ သူ၏ ဦးတည်ရာမှာ Y-717 ဖြစ်ပြီး စစ်ပညာရေးအကယ်ဒမီ နှင့် နေ့တစ်ဝက်ခန့် ခရီးသွားရသည်။ထိုနေရာသည် ဧကရာဇ်မြို့တော် ရှိ စစ်တက္ကသိုလ် ခြောက်ခုတို့ ပူးပေါင်း၍ ကျောင်းသားသစ်များအတွက် စစ်ရေးလေ့ကျင့်ရာ နေရာလည်းဖြစ်သည်။ တပ်မကြီးခြောက်ခုစီသည် နှစ်တစ်ရာအတွင်း ထွက်ပေါ်လာသော အလယ်တန်းအဆင့်နှင့် အထက်တန်းအရာရှိငယ် ခြောက်ဦးစီ စေလွှတ်ခဲ့သည်။

ထိုခြောက်ဦးထဲမှာ လူအများကြားရေပန်းစားသည့် ကြယ်ပွင့် အရာရှိတွေ အများကြီးရှိသည်။သူတို့အားလုံးသည် စစ်တက္ကသိုလ် ခြောက်ခုမှ အသီးသီး ဘွဲ့ရခဲ့ကြသော ထူးချွန်ကျောင်းသားများဖြစ်ကြသည်။ သူတို့ကို ပွဲထုတ်ရသည့် ကြောင်းရင်းမှာ စစ်တက္ကသိုလ်မှာ ရှိနေသည့် ကလေးတွေကို အလုပ်ကြိုးစားပြီး တစ်နေ့မှာ သူတို့၏ သင်တန်းဆရာတွေလို ထူးချွန်အောင် ကြိုးစားဖို့ သို့မဟုတ် သူတို့ထက် သာအောင် ကြိုးစားဖို့ နှိုးဆော်ထားခြင်းပင်ဖြစ်သည်။

စစ်ပညာရေးအကယ်ဒမီ မှ ဘွဲ့ရခဲ့သော မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ကိုယ်စားလှယ်မှာ အရှုံးမရှိ စစ်နတ်ဘုရား ဟုလူသိများသော အဓိကဗိုလ်ချုပ် လင်းရွှမ် ဖြစ်သည်။ Y-717 ကြယ်ပွင့် စစ်ရေယာဉ်ပေါ်တွင်၊ တပ်မဟာခြောက်ခုမှ အရာရှိငယ်၃၆ဦးသည်  အစည်းအဝေးခန်းမ၌ စုဝေးခဲ့ကြသည်။ စုစုပေါင်း အထွေထွေ ကိုယ်စားလှယ် ၇ဦး ရှိပြီး ကျန်သူများသည် ကျောင်းသားအဆင့် အရာရှိများသာဖြစ်ကြသည်။

စည်းဝေးပွဲအရ စစ်ရေးသင်တန်းပို့ချမည့် လူငယ်နည်းပြဆရာတစ်ဦးကို ခန့်ထားမည်ဖြစ်ပြီး မည်သည့်ဌာနများအား တာဝန်ယူရမည်ဆိုသည်ကို ဆက်လက် ဆွေးနွေး‌ေနကြသည်။ လင်းရွှမ် နှင့် ချောင်းမင်ယွမ် တို့သည် စစ်ပညာရေးအကယ်ဒမီမှ ဘွဲ့ရခဲ့ကြသည်။ နှစ်ဦးစလုံးသည် ဗိုလ်ချုပ်အဆင့်ရှိကြပြီး တိုက်ပွဲကွပ်ကဲရေးဌာနနှင့် မက်ချာ ဌာနမှာ တာဝန်ယူနေကြများပင်။ တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်နှင့် မက်ချာစနစ်များ၏ စစ်ရေးလေ့ကျင့်မှုကို အမြဲတမ်း စခန်းတစ်ခုတည်းတွင် ရောနှောထားသည်။ ဤဌာနကြီးနှစ်ခု၏ နည်းပြဆရာအဖြစ် ကိုယ်စားပြုသူဆိုသည်မှာ ထိုပုဂ္ဂိုလ်သည် နည်းပြဆရာ ခြောက်ဦးအနက် အကောင်းဆုံးဟု ဆိုလိုသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora