Chapter 137
Chapter 137October 17, 2023
( နွေးထွေးမှုအပြည့်ရှိခြင်း)ယခုတစ်ကြိမ်မှာ အာနိသင်ကိုစမ်းသပ်ရန်သက်သက်ဖြစ်သောကြောင့် လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင်ဟင်းချိုကို အများကြီး မပြုလုပ်ခဲ့ပေ။ လင်းရွှမ် ကို တစ်ပန်းကန်အပြည့်ထည့်ပေးပြီးနောက် အိုးသေးသေးလေးမှာ ပြောင်သွားတော့သည်။
လင်းရွှမ် သည် ဟင်းချိုပန်းကန်ကို ကိုင်ထားသည်။ တစ်ငုံသောက်ပြီးပြီးချင်း တစ်ခုခုကို တွေးနေလျက်နှင့်၊ ဟင်းချိုသောက်နေသည်က ရုတ်တရက် နှေးကွေးသွား၏။ထို့နောက် ပန်းကန်လုံးထဲမှ အဖြူရောင်ဟင်းရည်တစ်ဇွန်းကို ကော်ယူလိုက်ပြီး လင်းယောင်ယောင် ၏ နှုတ်ခမ်းဆီသို့ ကမ်းလိုက်သည်။
"မင်းလည်း သောက်"
သူမလည်း ဘာမှတွေးမနေဘဲ ဟင်းရည်ကို သောက်လိုက်သည်။ ထို့နောက်တွင်တော့ သူမ ဘာဖြစ်သွားမှန်း သိလိုက်ပြီးနောက် သူမ၏ ပါးပြင်များက အနည်းငယ်နီလာသည်။သူ သူမကို ကျွေးနေပုံက ကလေးတစ်ယောက်ကို ကျွေးသလိုပင်။ ဟင်းချိုတစ်ပန်းကန် အတူတူသောက်သည်က သိပ်တော့မဆိုးပါချေ။ သို့သော်လည်း သူမတို့နှစ်ယောက်မှာ နမ်းပြီး အတူတူအိပ်ခဲ့ကြပြီးဖြစ်သည်။
ဟင်းချိုသည် အဆင့်မြင့်ဆုံး ဇာ့ခ်ဘုရင်မ အသားများ၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အရသာကဘယ်လိုအရသာမျိုးနှင့်မှ မယှဉ်နိုင်ချေ။ အရသာမှ သယ်ဆောင်လာသော သာယာသည့် ခံစားမှုသည် သူမ၏လျှာပေါ်ရှိ အရသာခံဖုများနှင့် အာရုံခံဖုများပေါ်တွင် စွဲမြဲနေရုံသာမက စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ခြေလက်များအထိ ပျံ့နှံ့သွားသည်။
အမှန်မှာ၊ လင်းရွှမ် ပြောသည့်အတိုင်း ဤဇာ့ခ်ဘုရင်မ ဆေးဟင်းချိုသည် စွမ်းအင်ပြည့်ဝပြီး စိတ်ကို ပြေလျော့စေသည်။ အချိန်တိုအတွင်း စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက အချိန်အကြာကြီး သိမ်းထားနိုင်လျှင် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို တည်ငြိမ်စွာ မြှင့်တင်ပေးနိုင်သည့် စွမ်းအင်ကိုလည်း ရရှိစေမည်ဖြစ်သည်။

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...