ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

650 65 0
                                    

Chapter 42

(လင်းရွှမ်၏ အချစ်)

သူမသည် လင်းရွှမ် ၏ နဂိုအတိုင်းဖြစ်နေသည့် ခြေထောက်ကို တစ်ချက်ရိုက်ရင်း ပြောလိုက်သည်။

"ကျေနပ်ပြီလား…သား ဘာလုပ်နေတာလဲ...သားက စစ်ဗ်ိုလ်ချုပ်တစ်ယောက်ဆိုတာမေ့နေပြီလား… "

" S-အဆင့် မစ်ရှင်တစ်ခုကလေးကို ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေ ခံစားခဲ့ရတာလား...ဒါက ဒုတိယအဆင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလေ...ဒီထက် ပိုပြင်းထန်သွားရင် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု(memtal disabaility) ဖြစ်သွားမှာ....  ခြေထောက်ကလည်း အပေါ်ယံ ဒဏ်ရာဆိုပေမယ့် ဒီလောက်သွေးတွေထွက်နေတာကို အလင်းအရှိန်ကိုသုံးပြီး အမြန်ပြန်လာသင့်တယ်...(light speed)... သား အမေပေးထားတဲ့ ခြေထောက်ကို မလိုချင်တော့ဘူးလား"

လင်းရွှမ် က ဒေါသတကြီးဟန်ဖြင့်မျက်လုံးမှိတ်ပြီး ရေရွတ်လိုက်သည်။

"အမေက ကျွန်တော့်ကို မြန်မြန်ပြန်လာဖို့ ပြောတာလေ.... ဝေ့မိသားစုထဲက ကလေးက ယောင်ယောင် အတွက် မသင့်တော်ဘူးဆို…သူက ယောင်ယောင် လို အစားအသောက်လက်ထောက် ကုထုံးပညာရှင်တစ်ယောက်ကို တင်မှန်းနေလို့ အတင်းချဉ်းကပ်နေတာမလား"

လင်းရွှမ် ၏ မစ်ရှင်သည် မူလက နှစ်ရက် ၊ သုံးရက်ခန့် ကြာမည်ဖြစ်သော်လည်း သူကိုယ်တိုင် အရှိန်မြှင့်လုပ်လိုက်သည်နှင့် တစ်ရက်၊ နှစ်ရက်အတွင်း အပြီးသတ်နိုင်မည်ဖြစ်သည်။ ရက်အနည်းငယ်အကြာမှသာ၊ ဝေ့ယွမ် တရားဝင် လင်းအိမ်ကို လာရောက်လည်ပတ်မည်ဟု သူ မျှော်လင့်ထားသော်လည်း ကောက်ရိတ်သိမ်းပွဲတော်၏ ပထမဆုံးနေ့ကတည်းက ‌ေခြလှမ်းသွက်နေပြီဖြစ်၏။

ရှန်းယွင်ကျင်း ၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီး အကြောင်းပြန်ပြီးနောက် သူ တစ်ခုခုကြံရတော့သည်။အခွင့်အရေးရမည့်အချိန်ကိုစောင့်ပြီး ပြန်မည်ဆိုလျှင် အန္တရာယ်မရှိနိုင်သော်လည်း အိမ်ပြန်ဖို့ အချိန်ပိုကြာပါလိမ့်မည် ဖြစ်သည်။ထို့ကြောင့် ဧကရာဇ်မြို့တော်သို့ ပြန်သွားရန် မစောင့်နိုင်တော့ဘဲ ထိပ်တိုက်တိုက်ပွဲဝင်ဖို့သာ ရွေးချယ်ခဲ့သည်။ သူနှင့်တိုက်ရသည့် ပြိုင်ဘက်များမှာ အတော်လေးများသဖြင့် သူ့ဘက်က ဆုတ်ယုတ်လျက်ရှိသည်။ ကံကောင်းစွာနှင့်၊  သူ၏ဝိညာဉ်ရေးနယ်ပယ်တွင် ဒဏ်ရာများ သိပ်မပြင်းထန်ဘဲ ရသွားကာ ခြေထောက်မှာလည်း ဒဏ်ရာ ရရှိခဲ့သဖြင့် နောက်ဆုံးတွင် သူသည် တာဝန်မှကင်းလွတ်ခွင့်ရသွား၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora