Chapter 127
Chapter 127October 08, 2023
( ယွင်ယိမြို့)မကြာသေးမီက၊ ဇာ့ခ်တိုက်ခိုက်မှုများသည် တာဇာ့များ၏ လက်ချက်များဖြစ်သည်။ ပိုင်မြို့ကို တိုက်ခိုက်ခြင်းမပြုမီတွင် တာဇာ့များသည် လင်းရွှမ် တည်ရှိရာ စစ်မြေပြင်တွင် ဇာ့ခ် အများအပြားကို တမင်တကာ ထည့်ထားပြီး ဘယ်မှသွားမရအောင်လုပ်ထား၏။ တာဇာ့များသည် ယိလန် အပြင် ကမ္ဘာတစ်ခုလုံး၏ အရင်းအမြစ်များနှင့် လူအင်အားကို SSS အဆင့် ဇာ့ခ်ဘုရင်မအား နို့စို့အရွယ်မှ လူကြီးအဖြစ်သို့အမြန်ဆုံး ကြီးထွားလာစေရန်အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်၊ မောက်မာသော SSS အဆင့်ပိုးမွှားကောင် လင်းရွှမ် သည် လုံးဝပျောက်ကွယ်သွားပေမည်။
လင်းမိသားစုသည် ယခုအခါ အလွန်ဂုဏ်သိက္ခာကြီးမားပြီး စွမ်းအားများစွာပိုင်ဆိုင်ထားကြသည်။ တော်ဝင်မိသားစုကလည်း သူတို့ကို မနာလိုဖြစ်နေသည်မှာ အတော်ကြာပေပြီ။ ပလ္လင်ပေါ်တွင် မည်သည့်မင်းသားပဲ ထိုင်စေကာမူ လင်းမိသားစု၏ မျက်နှာကို မကြည့်ရဲကြပေ။
အရှင်သခင် အင်ပါယာ၏ အသန်မာဆုံး လူငယ်ပါရမီရှင် လင်းရွှမ် သည် ရှောင်မင် နန်းတက်သည့်နေ့မှာ သေသွားမှသာ အဆင်ပြေမည်ဖြစ်သည်။ နောင်တွင် ရှောင်မင်လည်း ပလ္လင်ပေါ်၌ ထိုင်သောအခါ ပို၍သက်တောင့်သက်သာ ထိုင်နိုင်ပေလိမ့်မည်။
လင်းယောင်ယောင် သည် ဤအကြောင်းကို တွေးပြီး သေးငယ်သော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်တွင် ခွန်အားမရှိသလို ခံစားခဲ့ရသည်။ သူမသည် အဖြစ်အပျက်များစွာကို ကြိုမြင်ထားပြီးဖြစ်သော်လည်း ဤကြိုတင်သတ်မှတ်ထားသည့် အရာများကို မတားဆီးနိုင်ခဲ့ပေ။ သူမ ကူးပြောင်းလာပြီးနောက် ရှောင်မင် နှင့် ရန်များအောင် လင်းမိသားစုသည် အခြားသူများကို အနိုင်ကျင့်ရန် မလုပ်ဖူးသော်လည်း ရှောင်မင် နှင့် တာဇာ့ကြယ်ပွင့်မဟာမိတ်တို့သည် လင်းရွှမ် ကို ဖယ်ရှားပြီး လင်း မိသားစုကို အနိုင်ယူလိုဆဲပင်။
သို့သော် တာဇာကြယ်ပွင့်မဟာမိတ်၏ စစ်မှန်သောပန်းတိုင်မှာ အရှင်သခင် အင်ပါယာတစ်ခုလုံးဖြစ်သည်။ သူတို့သည် လင်းရွှမ် ကို တတ်နိုင်သမျှ အမြန်ဆုံး မဖယ်ရှားပါက လင်းရွှမ် သည် တစ်ချိန်ချိန်တွင် အရှင်သခင် အင်ပါယာကို ကျူးကျော်ရန် သူတို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာမည်မှာ သေချာသည်။

ESTÁS LEYENDO
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...