chapter 132

239 16 0
                                    

Chapter 132
Chapter 132October 16, 2023


ထိုအခါ လင်းယောင်ယောင် သည် သူ့မျက်နှာပေါ်က နှုတ်ခမ်းမွှေးစိမ်းနုနုလေးများကို စိတ်မကောင်းဖြစ်စွာ တို့ထိလိုက်သည်။

"ကိစ္စမရှိပါဘူး"

ထို့နောက် သူမသည် လင်းရွှမ် ၏နဖူးကို ဖိကပ်ထားလိုက်သည်။  တစ်ချိန်တည်းမှာပင်၊သူမသည် မျက်လုံးများကိုမှိတ်ထားပြီး အစိမ်းရောင်အလင်းတန်းများ ရွှေရောင်စိတ်စွမ်းအင် စက်ဝန်းများကို ထွက်စေလိုက်သည်။ စက်ဝန်းအမြီးမှာ ဝိုင်းဝိုင်းပုံသဏ္ဍာန် ရှိပြီး အတော်ချစ်စရာကောင်းသည်။

လင်းရွှမ် သည် သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို သူမအတွက် အချိန်ကြာမြင့်စွာ ဖွင့်လှစ်ခဲ့ပြီး နီညိုရောင်သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ညင်ညင်သာသာ ဖြန့်ကျက်လိုက်၏။ သူ၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထက် ဆယ်ဆပိုကြီးသည်။  လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်အစွန်အဖျားရှိ စက်ဝန်း(စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်း နဲ့တူ ၊ အရမ်းရှည်ပြီး စာဖတ်သူနားလည်နိုင်မယ်ထင်လို့ တစ်ခါတစ်လေ စက်ဝန်းလို့သုံးပါမယ်နော်) များသည် အာဟာရစွမ်းအင်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးသည်။

လင်းရွှမ်၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် စိတ်ပိုင်းဆိုင်ရာ နိယာမကြားတွင်၊ အနက်ရောင် အဖျက်စွမ်းအင်အစုအဝေးများစွာရှိသည်။  ၎င်းတို့သည် အလယ်ဗဟိုရှိ စိတ်ပိုင်းဆိုင်ရာ ဟင်းလင်ပြင်(nebula)မှ ထုတ်လွှတ်သော စွမ်းအင်ကို ကြားဖြတ်၊ စုပ်ယူထားကြသည်။

စစ်မြေပြင်တွင် ဆက်လက်သတ်ဖြတ်နေသောအခါတွင် အဆိုပါ အဖျက်စွမ်းအင်များသည် တိုက်ခိုက်ရေးသမားများအား တိုက်ခိုက်ရေးစွမ်းအင် ထုတ်ရာမှာ အတားအဆီးသဖွယ် ဖြစ်နေရ၏။အဖျက်စွမ်းအင် အရေအတွက် တိုးလာသည်နှင့်အမျှ၊တိုက်ခိုက်ရေးသမားများကို တိုက်စစ်စွမ်းအင်နှင့် သတ်ဖြတ်စွမ်းရည်တို့မှာ အားယုတ်လျော့လာပြီး စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှ စွမ်းအင်များ မကုန်ဆုံးမချင်း လူပင်ပန်းပြီး သေသည်အထိ တွန်းအားပေးလာမည်ဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now