chapter 159

359 19 0
                                    

Chapter 159
Chapter 159October 22, 2023


တာဇာကြယ်ပွင့်မဟာမိတ် မှလူများသည် မတုံးအ,ချေ။ အရှင်သခင်အင်ပါယာသည် တာဇာအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မကြာမီ သူတို့ သဘောပေါက်ခဲ့ကြသည်။ သေချာသည်မှာ၊ ညသိမ်းငှက်တပ်ဖွဲ့၏ပင်မအာကာသယာဉ်အပြင် ပိုင်မိသားစုနောက်ကွယ်ရှိ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များနှင့် ဘရမ် မိသားစုနောက်ကွယ်မှ လူမျိုးအချင်းချင်း တန်းတူညီမျှရေး အဖွဲ့အစည်းတပ်ဖွဲ့များသည် ပူးတွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။

ညသိမ်းငှက်တပ်ဖွဲ့သည် တာဇာကြယ်ပွင့်မဟာမိတ်ကို အမှန်တစ်ကယ် ဆန့်ကျင်ကြောင်း အတည်ပြုပြီးနောက် ဦးခေါင်းခွံကြယ်ဓားပြအဖွဲ့မှာလည်း  ပါဝင်လာခဲ့သည်။  ညသိမ်းငှက်တပ်ဖွဲ့နှင့် ဘေးချင်းကပ်တိုက်ခိုက်ဖို့ ပင်မကြယ်ပွင့်နယ်မြေသို့လည်း ဓားပြများ ရောက်လာခဲ့ကြသည်။

တာဇာကြယ်ပွင့်မဟာမိတ်၏ မျိုးပွားမှုစွမ်းရည်သည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း ကျဆင်းသွားခဲ့သည်။   သူတို့သည် ဇာ့ခ်များနောက်ကွယ်တွင် ပုန်းအောင်းပြီး အမိန့်ပေးလေ့ရှိသောကြောင့် တိုက်ခိုက်ရေးစွမ်းအားမှာ ပျမ်းမျှသာဖြစ်သည်။ မဟုတ်ပါက၊ အရင်းအမြစ်များကို လုယူရန်အတွက် ဇာ့ခ်များအား လူသားကြယ်ပွင့်နယ်မြေ သို့သာ ပေးပို့နေမည်မဟုတ်ပေ။သူတို့ပါ ဝင်တိုက်ခိုက်ပေလိမ့်မည်။

တိုက်ပွဲများစွာမကြုံဖူးသော တာဇာကြယ်ပွင့်မဟာမိတ်ရှိ ပင်မစစ်တပ်၏ သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် လူ 10,000 မျှသာရှိသော ညသိမ်းငှက်တပ်ဖွဲ့ဝင်များနှင့် ဇာ့ခ်စစ်တပ်တို့က ချေမှုန်းခြင်းခံခဲ့ရသည်။

အာကာသထဲသို့ အတင်းခုန်ပြီး လွတ်မြောက်လိုသော တာဇာကြယ်ပွင့်မဟာမိတ် နိုင်ငံသား အနည်းငယ်ကိုလည်း ဦးခေါင်းခွံကြယ်ဓားပြ များက ကြားဖြတ်တိုက်ကာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသည်။

ယခုအချိန်တွင် ညသိမ်းငှက်တပ်ဖွဲ့ကို ဦးဆောင်နေသူမှာ လင်းရွှမ် မဟုတ်ဘဲ ဝေ့လင်း ဖြစ်သည်။လုလင်း သည် မက်ဆေ့ချ်များကို ညှိနှိုင်းပြီး လင်းရွှမ် ၏ ညွှန်ကြားချက်များကို ကြားထဲက ဝေ့လင်းဆီသို့ ပေးပို့သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now