chapter 94

266 26 0
                                    

Chapter 94
Chapter 94September 27, 2023
တရားဝင်

လင်းရွှမ် စကား၏ အဓိပ္ပါယ်မှာ အလွန်ထင်ရှားသည်။ ယခင်က လင်းယောင်ယောင် ကတိပြုခဲ့သော "အလောင်းအစား" ကို ရည်ညွှန်းခြင်းပင်။ ဤသုံးယောက်-တစ်ယောက်ပွဲမှာ သူ အနိုင်ရခဲ့ပါက သူကချက်ချင်း တရားဝင်ချစ်သူတစ်ယောက် ဖြစ်လာမည်ဆိုတာကိုပင်။

လင်းယောင်ယောင် က စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများဖြင့် တိုက်ခိုက်ခြင်းမပြုခဲ့ပါက၊သူ ယခုထက်ပို၍စောစော အနိုင်ရနိုင်ပေသည်။ သို့သော် ဤမတော်တဆမှုမှလည်း သူတို့နှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေချင်း အလွန်လိုက်ဖက်ကြောင်း သူတွေ့ရှိခဲ့သည်။ထို့ကြောင့် သူမကို အနာဂတ်လက်တွဲဖော်အဖြစ် သတ်မှတ်နိုင်သည်။  အကယ်၍၊သူတို့နှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ လိုက်ဖက်မှုက 50% ထက် နိမ့်နေသည်ဆိုလျှင်တောင် လက်ထပ်ခွင့်လျှောက်လွှာကို အင်ပါယာကို တင်သွင်းပြီး အခြေအနေကို နောက်ထပ် သုံးနှစ်လောက်အထိ ပြန်သုံးသပ်ခွင့်ပြုရန်ပါ တွေးထားခဲ့သည်။

ဘယ်သူမဆို၊ မိမိ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် လိုက်ဖက်ညီသော အဆင့်အတန်းမြင့်မားသည့် လက်တွဲဖော်တစ်ဦးရှိလျှင် ပိုကောင်းမည်မှာ သေချာသည်။  ဆိုလိုသည်မှာ အနာဂတ်တွင် နှစ်ယောက်သားမှာ ခန္ဓာကိုယ်နှင့် စိတ်တို့သာ ပေါင်းစည်းနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာလည်း တိုးတက်ကောင်းမွန်လာနိုင်ပေသည်။သူတို့နှစ်ယောက်သားမှာ လက်တွဲဖော်သာမက ရင်းနှီးသော ဝိဉာဉ်ဖော်(spirit partner)လည်း ဖြစ်လာလိမ့်မည်။ လောကကြီးမှာ သူတို့ကို ခွဲနိုင်သူ ဘယ်သူမှ မရှိလာနိုင်ပေ။

လင်းယောင်ယောင် သည် အပြင်လူတစ်ဦးအနေဖြင့် ဤအလွန်သိမ်မွေ့ပြီးအသေးစိတ်အရာများအကြောင်းကို သိပ်မသိပေ။ သို့သော်လည်း သူမ စောစောကလို တုံ့ပြန်မှုမျိုးရခဲ့သည့် အကြောင်းရင်းမှာ သူမနှင့် လင်းရွှမ် တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ လိုက်ဖက်မှုရှိခြင်းကြောင့် ဖြစ်နိုင်သည်ဟု နားလည်ခဲ့သည်။

ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့သည် မက်ခါများက ပျက်စီးသွားတာကြောင့် မက်ခါ အခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူတို့နှစ်ဦးမှာသာ နောက်ခံမြင်ကွင်းကျယ်ကြီးထဲတွင် ကျန်ခဲ့သည်။သူတို့နှစ်ယောက်သည် နီးနီးကပ်ကပ် ပွေ့ဖက်ထားသော်လည်း မက်ခါမောင်းနှင်သည့်အခန်းမှ နံရံများသာ ခြားနေကြသည်။ နောက်ခံမြင်ကွင်းရှိ ဂလက်ဆီပေါ်တွင် ရိုမန်တစ်ဆန်ပြီး လှပသည့် မီးရှူးမီးပန်းများ တဖွားဖွားဖြစ်ပေါ်နေကြလေသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now