ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

658 48 0
                                    

Chapter 70
Chapter 70September 18, 2023


စုချင်းဟယ် သည် ထိပ်တန်းအရာရှိကျောက်ပိုဟိုင် ၏မြေးဖြစ်ကြောင်းအမှန်တကယ်ဖော်ပြပါက ရှောင်မင် သည် မဖြေရှင်းနိုင်ဘဲ သူမနှင့် ခပ်ခွာခွာနေရမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် စစ်မှန်သောချစ်ခြင်းမေတ္တာအတွက် ရည်မှန်းထားလျှင် အဆုံးတွင် ပေါင်းစည်းနိုင်သော်လည်း အလှည့်အပြောင်းများစွာဖြင့် ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ဤအရာကြောင့် တစ်ယောက်နှင့်တစ်ယောက် တကယ်လွဲချော်သွားလျှင် သူမ၏ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်သည်ဟု ဆိုလိုသည်။ စဉ်းစားရင်း လင်းယောင်ယောင် က လင်းရွှမ် ကို

"  လုလင်း က 'နစ်ကို' လို့ နာမည်ပေးထားတဲ့ ကျောင်ချင်းယွင် ဆီကို အမည်ဝှက်နဲ့ မက်ဆေ့ခ်ျပို့နိုင်မယ်လို့  ညီမ မျှော်လင့်ပါတယ်.… စုချင်းဟယ် က သူ့အမွှာညီမဆိုတာကိုလေ"

ခဏအကြာတွင် လင်းရွှမ် ၏ သတင်းစကား ပြန်ရောက်လာသည်။

"ဒီသတင်းကို မင်းဘယ်လိုသိတာလဲ၊ သတင်းက ယုံရလို့လား…ကိုယ်တွေ့တဲ့အချက်အလက်တွေအရ ထိပ်တန်းအရာရှိကျောက် ရဲ့ တစ်ဦးတည်းသောသမီး ကျောင်မင်ရု က ဘွဲ့ရပြီး သုံးနှစ်ကြာတဲ့အထိ ပျောက်သွားခဲ့တယ်.. နောက်ပိုင်းမှာ မိသားစုဆီကို သားတစ်ယောက် ခေါ်လာပြီးပြန်လာခဲ့တယ်..."

ကျောက်ချင်းယွင် သည် ထိပ်တန်းအရာရှိကျောက် ၏မြေးအဖြစ် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သို့သော် သူ့တွင် အမွှာညီမ သို့မဟုတ် ကျောက်မိသားစုမှ ကျန်မြေးတစ်ယောက်ရှိသည့်ကိစ္စကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ လင်းယောင်ယောင် သည် လင်းရွှမ် ကို အလွန်အမင်းယုံကြည်သောကြောင့် မရှင်းပြနိုင်သော အဖြစ်ကို မတော်တဆ ဖော်ထုတ်မိသွားပြီဖြစ်သည်။သူမ ရုတ်တရတ် စိုးရိမ်သွား၍ အချိန်အတော်ကြာ စဉ်းစားပြီးနောက်

“သတင်းက စိတ်ချရပါတယ်...ညီမဘယ်လိုသိလဲဆိုတာကို အစ်ကိုအိမ်ပြန်တဲ့အခါ ပြောပြမယ်”

လင်းရွှမ် ဆက်မမေးတော့ပေ။ ကံကောင်းထောက်မစွာ၊သူက သူမကို ယုံကြည်သွား၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now