ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

446 32 0
                                    

Chapter 64
Chapter 64September 16, 2023


လင်းရွှမ်က ထိုအပြုအမူလေးကို ပေါ်ပေါ်တင်တင်ဖော်ပြနေသောကြောင့် လင်းယောင်ယောင် မမြင်ဘဲမ‌ေန‌ေပ။သူမက ဒေါသတကြီးဖြင့်...

"တမင်သက်သက်လုပ်နေတာပဲ"

လင်းရွှမ်က ပြန်မငြင်းဘဲ...  "ကောင်းပြီ မင်း တိုက်ခိုက်ခံရတဲ့အခါ စွမ်းရည်တွေတိုးတက်လာအောင် သင်ယူရဦးမယ်..."

လင်းယောင်ယောင်: ............

သူမက အန္တရာယ် ကြားထဲတွင်ရှိေနလျှင်ပင် လင်းရွှမ်ပြောပြဖူးသောနည်းဗျူဟာအချို့အတိုင်းလိုက်ပြီး သင်ယူရင်း အသုံးချရင်း ဖြည်းဖြည်းချင်း နားလည်လာသည်။သို့သော်လည်း B-XI မှာ အထိအခိုက်ပျက်စီးမှုများလာသောကြောင့် တိုက်ပွဲတွင် သူမ ခဏခဏရှုံးနေရဆဲဖြစ်သည်။

လင်းရွှမ်က သူမကို ရံဖန်ရံခါလွှတ်ပေးလိုက်ခြင်းမှာ သူမကိုယ်သူမ ဇွတ်အထင်မကြီးလာစေရန် ဖြစ်ပြီး လေသံအေးအေးလေးဖြင့်သာ

"မင်းအခု အရမ်းအားနည်းနေသေးတယ် အရှုံးဆိုတာ ရှောင်လွှဲလို့ မရပါဘူး နိုင်တာပဲဖြစ်ဖြစ်ရှုံးတာပဲဖြစ်ဖြစ် ကိုယ်မင်းနဲ့အတူရှိနေမှာပါ"

လင်းရွှမ်၏ နှစ်သိမ့်မှုစကားများကြောင့် သူမရင်ထဲရှိအပူမီးများ ချက်ချင်း ငြိမ်းသွားစေပြီး  သူမက အပြုံးလေးဖြင့်...

"အင်း ညီမလေးက အရှုံးကို လက်မခံတဲ့လူတစ်ယောက်မဟုတ်ပါဘူး အရန်ကုထုံးပညာရှင်တစ်ယောက်ပဲဟာ  ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ ကြိုးစားတာပါ တကယ့်ဆရာကြီးနဲ့တွေ့ရင်တော့ ရှုံးရတာ ပုံမှန်ပါပဲ"

လင်းရွှမ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး....

"ဟုတ်တာပေါ့ မင်း အစွမ်းတွေအရမ်းထက်လာတဲ့အခါ ကိုယ့်ကို မလိုအပ်တော့ရင် ဘယ်လိုလုပ်ရမလဲ..."

လင်းယောင်ယောင်က သူ၏ ခလုတ်မထိတထိရန်လာစမှုများကို နေသားကြလာပြီး မသိချင်ယောင်ဆောင်ထားပေးလိုက်သည်။နစ်ကိုက သူမ၏နောက်ထပ်စိန်ခေါ်မှုကို ငြင်းခဲ့ပြီး chat box မှတစ်ဆင့်...

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးOù les histoires vivent. Découvrez maintenant