chapter 90

354 35 1
                                    

Chapter 90
Chapter 90September 25, 2023
(ချောင်းမင်ယောင်က လျှို့ဝှက်ချက်တစ်ခုရှာဖွေတွေ့ရှိခြငိး)

တနင်္ဂနွေနေ့ မွန်းတည့်ချိန်နီးလာသောအခါတွင် ဧည့်သည်တစ်ဦး၏ အမြန်ကားတစ်စီးသည် အစားအသောက်ကုထုံးသုတေသနစခန်းသို့ ရောက်လာသည်။ ကံကောင်းစွာဖြင့်၊ ဇာ့ခ် အသားအရသာမြည်းပွဲမှာ ပြင်ဆင်မှုများ ပြီးလုနီးပါးဖြစ်နေသည်။

လင်းယောင်ယောင် သည် ဇာ့ခ် အသားပြုတ် ကြွပ်ကြွပ်ကြော်၊ အသားပြုတ်၊ ဇာ့ခ် အသားနှင့်ကြက်ဥဟင်းချို၊ ဇာ့ခ် အသားဆော့စ်၊ ဟော့ပေါ့ဟင်းရည်စသည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယမန်နေ့က အခြားသော အစားအသောက် ကုထုံးပညာရှင်များသည် ပြင်ဆင်မှုအများစုကို ကူညီဆောင်ရွက်ပေးနေခဲ့သည်။

ဇာ့ခ် အသားပါဝင်ပစ္စည်းများအပြင် ဇာ့ခ် အသားမုန့်များ၊ ဇာ့ခ် အသားဖက်ထုပ်များ စသည်တို့အတွက် ချိုက်ယူဟုန် နှင့် အခြားသော အစားအသောက်ကုထုံးပညာရှင်များမှ အဓိကပြင်ဆင်ထားသည်။ လင်းယောင်ယောင် က သူတို့ကို အရသာအတွက်သာ ကြီးကြပ်လမ်းညွှန်ပေးခြင်းဖြစ်သည်။

သူမမှ လွဲ၍ အခြားသော အစားအသောက် ကုထုံးပညာရှင်များမှ ထုတ်လုပ်သော ဖြည့်စွက်အစားအစာများ၏ ပန်းကန်ပြား အစွန်းတွင်  အတိုကောက်အညွှန်းပါရှိသည်။အညွှန်းကြောင့်သာ တိုက်ပွဲဝင်စစ်သည်များအား အစားအစာရွေးချယ်ရာတွင် လွယ်ကူချောမွေ့စေသည်။

သာမာန်မြည်းစမ်းသူများအတွက် ထမင်းစားခန်းသည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းအပြင်ဘက်တွင်ရှိသည်။ ချမ်းသာပြီး အာဏာရှိသူများအတွက် VIP အခန်းသည် သာမန်အချိန်များတွင် ဖွင့်ခဲသော အစားအသောက်ကုထုံးသုတေသနစခန်း၏ အပေါ်ထပ်တွင်ဖြစ်သည်။

သာမန်မြည်းစမ်းသူများ၏ ခန်းမတွင်၊ အစိမ်းနှင့်ပြုတ်ထားသော ဇာ့ခ် အသားများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်၏။ ဆယ်ယောက်စာ စားပွဲ၏ စံပုံစံဖွဲ့စည်းပုံမှာ ဇာ့ခ်အသားအမျိုးအစားတစ်ခုစီကို ပန်းကန်တစ်ချပ်စီ၊ ဇာ့ခ် အသားစိမ်း၊ဇာ့ခ် အသားလုံးများ၊ သာမန်အသားနှင့် ဟင်းသီးဟင်းရွက် အမျိုးအစား 20 မှ 30 အထိဖြစ်သည်။ သာမန်ပါဝင်ပစ္စည်းများကိုမူ အကန့်အသတ်မရှိ ပမာဏဖြင့် ရရှိနိုင်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now