chapter 83

447 34 0
                                    

Chapter 83
Chapter 83September 23, 2023
(ဇာ့ခ်အသား ပိုင်မုန့်)

လက်တွေ့ဘဝတွင် လင်းယွင် သည် လင်းရွှမ် ၏ သီးသန့်မက်ခါ ဖြစ်ပြီး ၎င်းသည် SS အဆင့်ထက် အနည်းငယ်သာလွန်သည်။ အရှင်သခင် အင်ပါယာတွင် SSS အဆင့် မက်ခါ မရှိသောကြောင့် SS+ မက်ခါ သည်  အပြင်းထန်ဆုံးသော မက်ခါ ဖြစ်နေလေပြီ။ 

ထို့အပြင် လင်းရွှမ် တို့အဖွဲ့သည် စိတ်ကြိုက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သူသည် အရှုံးမရှိစစ်နတ်ဘုရားအဖြစ် ကျော်ကြားလာသောကြောင့်၊ သူ၏ မက်ခါ ဖြစ်သော လင်းယွင် သည် မက်ခါအသုံးပြုသူများ၏ နှလုံးသားထဲတွင် အလိုချင်ဆုံးမက်ခါဖြစ်လာခဲ့သည်။ Star Network ရှိ မက်ခါပြိုင်ပွဲပလက်ဖောင်း  သည် လင်းယွင် ၏ အသွင်အပြင်ကို စိတ်ကြိုက်ပြင်ဆင်ရန်အတွက် သူ့ကို ပိုက်ဆံပေးရသေးသည်။သို့သော်လည်း သူသာလျှင် လင်းယွင် ကို 100% အသုံးပြုနိုင်သူဖြစ်သည်။ အခြားသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ တိကျမှု 90% ကိုသာ အများဆုံး အသုံးပြုနိုင်သည်။

လင်းယွင် အမျိုးသမီး ဗားရှင်းကို လင်းယွင် ၏ ထိပ်တန်း စက်ဆရာ သုံးဦးထဲမှ တစ်ဦးဖြစ်သော ဆိုဖီယာ မှ ဒီဇိုင်းထုတ်ခဲ့သည်။  လင်းယွင် နှင့် အတိအကျနီးပါးတူသော်လည်း လင်းယွင် သည် ငွေရောင်အနားသပ်များဖြင့် အဓိကအားဖြင့် အနက်ရောင်ကိုယ်ထည်ရှိပြီး အမျိုးသမီးဗားရှင်းသည် အဓိကအားဖြင့် ငွေရောင်ဖြစ်ပီး အနားသပ်များက အနက်ရောင်ဖြစ်သည်။

လင်းရွှမ် ၏ အမျိုးသမီး ဗားရှင်းတွင် ပိုမိုသိမ်မွေ့သော ခန္ဓာကိုယ်ပုံစံ၊ မြန်နှုန်းမြင့်၊ တိုက်ခိုက်မှု ပိုမိုမြင့်မားပြီး ခုခံမှုစနစ်ကလည်း မြင့်မားသည်။  SS+ အဆင့်သို့ မရောက်သေးသော်လည်း SS အဆင့်ရှိသည်။ ထို့ကြောင့် ၎င်းကို SS အဆင့်တွင် အကောင်းဆုံး မက်ခါ အဖြစ်လည်း မှတ်ယူနိုင်သည်။

ဆိုဖီယာ က ဒီဇိုင်းထုတ်ပြီး လင်းရွှမ် ကို Star Network virtual ဗားရှင်းအဖြစ် ဦးစွာပြသခဲ့သည်။  အပြင်ပန်း သွင်ပြင်သည် လင်းယွင် နှင့် အလွန်ဆင်တူနေသောကြောင့်၊ ပိုင်ရှင်ထံမှ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now