Chapter 147
Chapter 147October 19, 2023
(ပြန်လည်ဆုံစည်းခြင်းညစာစားပွဲ)
သူမသည် ဝေ့ယိုနှင့် စကားပြောရန် ထိုင်ချလိုက်ပြီး ကလေးငယ်၏ ပျော့ပျောင်းသော ဆံပင်ကို ထိလိုက်ကာ
"မင်းနာမည်က ယိုယိုလား"
ဝေ့ယိုက ချစ်စဖွယ်ကောင်းအောင် ပြုံးလိုက်သည်။
"ဟုတ်တယ် ကျွန်တော့်အစ်ကိုက ဝေ့ကျော ...ကျွန်တော်က ဝေ့ယို...အစ်မက ကျွန်တော့်ကို ယိုယို လို့ ခေါ်နိုင်တယ်"
ကလေးက အလွန်ချစ်စရာကောင်းသဖြင့် လင်းယောင်ယောင် သည် သူ၏ နူးညံ့သော မျက်နှာလေးကို ညှစ်ထားရင်း လက်ပိုက်ထားသည့် ဝေ့ကျောကို ပြောလိုက်၏။
" ကျောကျော အစ်မနဲ့ အရသာရှိတဲ့ အစားအစာတွေ စားချင်လား"
ဝေ့ကျော က လက်ဆွဲခေါ်ဟန်ပြင်နေသည့် သူမကို အရေးမစိုက်သလိုကြည့်၍ လက်ပိုက်ထားသည်ကို မဖြုတ်ဘဲ အေးစက်စွာပြောလိုက်သည်။
"ကျွန်တော်က အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဖျားယောင်းလို့ရတဲ့ ကလေးမဟုတ်ဘူး"
ချမ့်ယောင် သည် သူမကို တစ်ဖန်ပြန်ကိုင်လိုက်ပြီး ဝေ့ကျော ကို တစ်ချက်ကြည့်၍...
"သူ့ကို ဂရုမစိုက်နဲ့....သူက ဒီလိုပဲ ပြောလို့ဆိုလို့ မကောင်းဘူး...အမေ သူနဲ့အတူ နောက်မှလိုက်လာခဲ့မယ်"
လင်းယောင်ယောင် သည် ဤကိစ္စ ကြောင့် မိဘများ၏ချစ်ကို သူမ လုယူသွားကြောင်း ကလေးကို မခံစားစေလိုပေ။ထို့ကြောင့် သူမသည် ဝေ့ယို လက်နှင့် ချမ့်ယောင် လက်ကို ဆွဲခေါ်လာပြီး ဝေ့ကျော ဆီသို့ လျှောက်သွား၍ သူ့ကိုလက်ကမ်းလိုက်ပြန်သည်။
"မင်္ဂလာပါ ကျောကျော... ငါက မင်းရဲ့အစ်မ ယောင်ယောင် ပါ"
ဝေ့လင်း က သူ့သားအကြီးဆုံးက အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ သူ အသာကြည့်မနေနိုင်တော့ပေ။
"မင်း အစ်မကိုတွေ့တာ ဘယ်လိုခေါ်ရမှန်းတောင် မသိဘူးလား...စိတ်ကလည်း ပျော့လိုက်တာ မင်းယောက်ျားရော ဟုတ်လို့လား"

أنت تقرأ
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
عاطفية💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...