ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

561 53 0
                                    

Chapter 48

(ကိုယ့်ကို လွမ်းဖို့ မမေ့ပါနဲ့...)

ဤကိစ္စနှင့် ပတ်သက်၍ မီးခိုးရောင်ဝံလုလွေတပ်ဖွဲ့ ၏ တပ်ရင်းမှူး လင်းထျန်းယွဲ့ ဘက်မှ ပြန်ကြားချက်မှာ လင်းရွှမ် ကိုယ်တိုင်ဆုံးဖြတ်ပြီး အစီအစဉ်ချမှတ်ရန်သာ ဖြစ်သည်။ လင်းရွှမ် မှာသာ၊ ဒုတိယအဆင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိခဲ့ပါက လင်းထျန်းယွဲ့ သည် သူ့ကို အိမ်မှာချည်း အောင်မနေခိုင်းဘဲ အပြင်ထွက်ပြီးတာဝန်ထမ်းဆောင်ခိုင်းမှာ သေချာသည်။ သို့သော် လင်းရွှမ် သည် သူ့သားဖြစ်ပြီး ဤကာလအတွင်း သူ၏ စိတ်စွမ်းအားကို ထပ်မံအသုံးပြုပါက၊ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ပိုမိုပျက်စီးစေပြီး စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုခွန်အားလည်း ကျဆင်းသွားဖွယ်ရှိသည်။

လင်းထျန်းယွဲ့  ထိုအခြေအနေမျိုး မဖြစ်စေချင်ပေ။ သို့သော်လည်း နောက်ဆုံးပေါ်  ပင်မအာကာသယာဉ်လက်နက်စနစ်၏ ဒီဇိုင်းရေးဆွဲမှုကို ထုတ်ဖော်ပြသ၍ မဖြစ်ပေ။ထို့ကြောင့်၊  အလုပ်ကိစ္စများနှင့် ကိုယ်ရေးကိုယ်တာကိစ္စ နှစ်ဖက်စလုံးအကျိုးရှိစေမည့် ဆုံးဖြတ်ချက်တစ်ခု ချရန် သားဖြစ်သူအား ပြောထားသည်။

လင်းရွှမ် သည် သူ့ကိုယ်ကျိုးအတွက် စီးပွားရေးကို ဂရုမစိုက်သော လူမျိုးမဟုတ်ပေ။ ယောင်ယောင်က သူမ လက်လေးကို ဆုပ်ကိုင်ထားခွင့်မပေးမချင်း ခဏလောက် အချိန်ပေးပြီး နေခွင့်ရမည်ဟု အစက သူထင်ထားခဲ့သည်။သို့သော် ယခု သူ မလုပ်နိုင်တော့။

သူသည် X-312 ဂြိုလ်သို့သွားရမည်ဖြစ်သော်လည်း လင်းရွှမ် သည် ရိတ်သိမ်းပွဲတော် အားလပ်ရက်အပြီးကို စောင့်ဆိုင်းပြီး နောက်ထပ်နှစ်ရက်ခန့် နေလိုက်သေးသည်။အားလပ်ရက်ပြီးသောအခါ ယောင်ယောင်လည်း ကျောင်းပြန်တက်ရမည်ဖြစ်၏။

လင်းယောင်ယောင် သည် ပင်မအိမ်သို့ ပြန်မလာတော့သောကြောင့် သူလည်း အိမ်ဟောင်းတွင်သာ နေခဲ့သည်။ လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့လည်း အတူတူ တည်းခိုခဲ့ကြသည်။ အပျော်ဆုံးလူက အဘိုးကြီး လင်း ပင်။ စိတ်ထဲမှာ တစ်ခုခုမှားနေသည်ကို သူခံစားမိသော်ငြား.. ရိုးသားသည့် ယောင်ယောင်လေး မှလွဲလျှင် ရှန်းယွင်ကျင်း နှင့် လင်းရွှမ် တို့နှစ်ယောက်စလုံးက သူ့အတွက် ချက်ကျွေးမည့်ဟင်းလျာများကို လုစားမည့်သူများဟုသာ ထင်မြင်နေမိသည်။သားဖြစ်သူကတော့ မိန်းမဖြစ်သူနေ၍ အတူနေနေရခြင်းဖြစ်နိုင်သည်။ 

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးOù les histoires vivent. Découvrez maintenant