Chapter 131
Chapter 131October 16, 2023
(ဇာ့ခ်ဘုရင်မက ဇာ့ခ်တောင်ပံကြော်ကို စားခြင်း)လင်းယောင်ယောင် မှာ အလွန်အမင်း စဉ်းစားရန် အချိန်မရှိပေ။ ဗိုလ်မှူးလီသည် သူမ၏ စိတ်စွမ်းအားမြှင့်တင်ပေးသည့် ဆေးဟင်းချိုကို အားကိုးကာ ဤဂူထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ အချိန်ကန့်သတ်ချက်မှာ ဆယ်မိနစ်သာဖြစ်ပြီး အချိန်ကုန်လွန်ပြီးနောက်၊ သူသည် ဇာ့ခ်ဘုရင်မ၏ ကြောက်မက်ဖွယ်ဝိညာဉ်ရေးဖိအားကို ခုခံနိုင်စွမ်းမရှိပေ။
လင်းရွှမ် သည် လင်းယောင်ယောင် အတွက် စိတ်ပူနေပြီး ထိုကဲ့သို့ အန္တရာယ်ရှိသော နေရာတွင် မနေစေချင်တော့ပေ။ ထို့ကြောင့်၊သူသည် လင်းယွင် ကို အပြင်းထန်ဆုံး တိုက်ခိုက်ရန် ခိုင်းစေကာ လီနန်ကို ချည်နှောင်ထားသည့် ဇာ့ခ် ပိုးမျှင်များအား ဖြတ်တောက်လိုက်၏။ ထို့နောက် လင်းယောင်ယောင်၏ မက်ခါကို ဂူထဲမှ ဆွဲထုတ်ရန် သံကြိမ်တံဖြင့် ရစ်ပတ်ထားလိုက်သည်။
လူသားသုံးကောင် ပြေးတော့မည်ကို မြင်လိုက်ရလျှင် ဇာ့ခ်ဘုရင်မ စိတ်မချမ်းသာတော့ပေ။ အထူးသဖြင့် သူ့ကို အကြိမ်ကြိမ် လှီးဖြတ်ခဲ့သည့်ကောင်ကို ဘယ်တော့မှ လက်မလွှတ်သင့်ချေ။ ထို့အပြင်၊ သူ့ကို စကားပြောခဲ့ပြီး ဝါသနာတူသော မိန်းကလေးကိုလည်း ထွက်မသွားစေချင်ပေ။
လင်းယောင်ယောင် သည် လှိုဏ်ဂူမှ ဦးစွာထွက်ခွာပြီး ဇာ့ခ်ဘုရင်မနှင့် ကိုင်တွယ်ရန် အကောင်းဆုံးအစီအစဉ်ကို လင်းရွှမ် နှင့် ဆွေးနွေးလိုသည်။မည်သို့ပင် ဖြစ်စေ၊သူမသည် လင်းရွှမ် ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှာမဟုတ်ဘဲ နာခံမည်ဖြစ်သည်။သူမသည် ဇာ့ခ်ဘုရင်မ၏ ပိုးမျှင်များ ကောင်းကင်ယံတွင် တစ်ဖန်ပျံတက်တော့မည်ကို မြင်သောအခါ သူမ အကြံတစ်ခုရခဲ့သည်။ သူမစိတ်ထဲတွင် ဇာ့ခ်ဘုရင်မအား ပြောလိုက်သည်။
"ခဏနေဦး… ငါမင်းကို ညှိနှိုင်းပေးမယ်…အရသာရှိတဲ့အသားကို ငါပေးမယ်…ဒါပေမယ့် မင်း ငါတို့ကို အရင်ထွက်သွားခွင့်ပေးရမယ်… မင်း ဘယ်အချိန်မဆို တိုက်ခိုက်သတ်ဖြတ်နိုင်တယ်…ဒါပေမယ့် စားရဖို့က အရေးကြီးဆုံးပဲ ဟုတ်တယ်မလား"

KAMU SEDANG MEMBACA
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romansa💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...