Chapter 103
Chapter 103September 30, 2023
(တွားသွားကောင်သားနှပ်)ဇာခ့်ပြေးလွှားကောင် အရသာမှာ ကျောက်ပုစွန်သားနှင့်တူပြီး တွားသွားကောင်သားက ဂဏန်းနှင့်တူ၍ အနည်းငယ်ပိုနူးအိသော်လည်း ဇာခ့်ပျံသားလောက်တော့စားမကောင်းပေ။ထို့ပြင် အဆင့်နိမ့်ကောင်များဖြစ်သောကြောင့် စွမ်းအင်သည် အထက်ဆင့်ကောင်များလောက်မပေါများဘဲ ပုစွန် ဂဏန်းကဲ့သို့ အဝါရောင်အလွှာတစ်မျိုး အကောင်အချို့တွင် ပါနေသည့်အချက်ကြောင့် ပို၍နည်းရခြင်းပင်။
လင်းယောင်ယောင်က ပြေးလွှားကောင်အစပ်ချက် တစ်အိုး၊တွားသွားကောင်နှပ်အိုးကြီးတစ်လုံး၊ဇာခ့်ဥ တို့ဟူးဟင်ချိုနှင့် အရန်ဟင်းအချို့များ ကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည်။
ဤဇာခ့်သားအရသာသစ် ချက်ပြုတ်နည်းများကို လူအများအား မျှဝေနိုင်ရန် သူမက ပါ၀င်လုပ်ဆောင်ချက်အားလုံးကို Weibo တွင် တင်လိုက်ပြီးတစ်ခဏအတွင်း သူမ၏ထူးခြားသစ်လွင်သော သင်ကြားမှု ဗီဒီယိုကြောင့် နေ့ခင်းဘက်တွင် ဇာခ့်ကောင်များ အလုအယက်သတ်ဖြတ်စုဆောင်းနေသူ ပို၍ပင်များလာသည်။B-အဆင့် အသံမြည်ကောင်သည် စွပ်ပြုတ်ချက်ရာတွင် ပိုသင့်လျော်သော အမွှေးမဲ့အရိုးနက်ကြက်သား ခပ်ကြီးကြီးဗားရှင်းနှင့်တူပြီး A-အဆင့် အမွှေးထူပိုးကောင်မှာ သခွားသီးနှင့်တူသည်။သို့သော် သူမက အမွှေးများကိုမကိုင်ရဲ ကြောက်လဲကြောက် လောလောဆယ် သူမကလဲ အလျင်လိုနေသဖြင့် နှစ်မျိုးလုံးကို မချက်ဘဲထားလိုက်တော့သည်။
သွေးစပျစ်ပင်012 သည် အဆင့် 5 သို့ တိုးမြင့်ရန် အချိန်ယူနေပြီး သူမက S-အဆင့် ဇာခ့်ပျံသားစွပ်ပြုတ်ကို အဓိက012 အတွက် ချက်ပြုတ်နေဆဲဖြစ်ပြီး အဆင့်နိမ့်ကောင်များကို သရေစာအဖြစ် အရင်စားလို့ရသည်။
လင်းရွှမ်က သပ်သပ်ရပ်ရပ်အ၀တ်အစားလဲပြီးထွက်လာစဥ် မနက်တုန်းက သူကိုယ်တိုင်လုပ်ထားသော မုန့်ညက်နှင့်ပေါင်မုန့်ကို စားပွဲပေါ်တွင် တွေ့လိုက်ရသောကြောင့် အစားအသောက်တစ်ခါမျှဂျီးမများဖူးသော သူမှာ မျက်မှောင်ကြီးကြုတ်ကာ... "ဒါ မစားချင်းဘူး ခုမင်းချက်နေတဲ့ ဟင်းပဲစားချင်တာ"
![](https://img.wattpad.com/cover/351883333-288-k750728.jpg)
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...