chapter 84

359 32 0
                                    

Chapter 84
Chapter 84September 24, 2023


နစ်ကို က ပြောလာသည်။

"နှစ်တိုင်းကျင်းပတဲ့ အမျိုးသားမက်ခါလိဂ် ပြိုင်ပွဲအတွက် မှတ်ပုံတင်မယ့်ရက်ကို လာမဲ့ လလယ်ကျရင် စမှာ… အသက် 35 နှစ်အောက်က ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တယ်တဲ့… ပဏာမပြိုင်ပွဲက လကုန်ကျရင် star Network မှာလုပ်မှာလေ…မင်းလည်း ကြိုးစားကြည့်ပါလား"

ပဲနီအုန်းနို့ ကဲ့သို့သော လက်ထောက်ကုထုံးပညာရှင်တစ်ဦးသည်မက်ခါ ပြိုင်ပွဲတွင် ပါဝင်ပြီး တိုက်ခိုက်ရေးသမားအများအပြားကို အနိုင်ရပါက သူမ ပျော်ရွှင်နေလိမ့်မည်ဟု နစ်ကို ခံစားမိသည်။

"ကောင်းပြီ…ကြည့်သေးတာပေါ့"

'အင်းဆက်တွေက မြို့တော် ကို မတိုက်ခိုက်လို့ မက်ခါလိဂ် ကို မဖျက်သိမ်းဘူးဆိုရင် ငါကြိုးစားကြည့်ရမှာပဲ'

ထို့နောက် မောင်နှမနှစ်ယောက်သည် မက်ခါဧည့်ခန်းသို့ ပြန်သွားကြသည်။ 

လင်းယောင်ယောင် သည် လင်းရွှမ် တစ်ဖက်မှာ အလုပ်များနေမှုကို အခွင့်ကောင်းယူကာ အော့ဖ်လိုင်းမဖြစ်မီ ခြေဖျားထောက်ပြီး သူ့မေးစေ့ကို အမြန်နမ်းလိုက်သည်။ထိုအခါ ရင်တုန်းပန်းတုန်းဖြစ်သွားသော  လင်းရွှမ် က ရယ်ရမလား ၊ငိုရမှန်းမသိသည့်မျက်နှာဖြင့် သူ့မေးစေ့ကို ထိကြည့်လိုက်၏။ ကလေးမလေးက သူ့ကို စတင်လက်ခံနေကြောင်း သူခံစားနိုင်သော်လည်း သူမစိတ်ထဲမှာ စိုးရိမ်မှုများ ရှိနေပုံပေါ်သည်။

တစ်ဖက်မှာတော့ ရှောင်မင် သည်  ၏ အကြွင်းမဲ့ခွန်အားကို နောက်တစ်ကြိမ် ခံစားလိုက်ရသော်လည်း အတွေးထဲကဖျောက်လို့ရသွားသည်။ လင်းယောင်ယောင် ကသာ အခုအချိန်မှာ အတော်လေး လူချင်လူခင်ပေါများပြီး ၊သူမ နောက်ကွယ်က လင်းမိသားစုကလည်း အားမကောင်းနေဘူးဆိုလျှင် သူ့ဆီကနေ သူမကို လုယက်ခဲ့သည့် လင်းရွှမ် အား ရှင်းပစ်မိမှာပင်။ သို့သော် မကြာခင်မှာ သူက လူတိုင်း၏ အာရုံစိုက်မှုကို ခံရတော့မှာမို့ သိပ်ပြီး အတွေးမများလည်းဖြစ်သည်။

Star Network မှဆင်းပြီးနောက် လင်းယောင်ယောင် သည် ချက်ချင်းအိပ်ရာမဝင်ဘဲ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ထို့နောက် သူမသည် ဇာ့ခ် အသားကို ဆားရည်ဖြင့် ရေဆေးပြီး  အစပ်ဆုံး၊အသင့်အတင့်အစပ်နှင့် အနည်းငယ်အစပ်ဟူ၍ အရသာသုံးမျိုးခွဲလိုက်သည်။ထို့နောက် အသားကို ပြုတ်ပြီးဆယ်၍ ဟင်းခတ်အမွှေးအကြိုင်တွေနှင့်နှပ်ထားရသည်။ပြီးလျှင်၊ အစာပလာအရည်များကို စစ်လိုက်ပြီး မနက်ကျ ဖုတ်ရမှာဖြစ်သည်။ ပြုတ်ထားသောအသားကို စောင့်နေစဉ်တွင် မှိုကြော်နှင့် မုန်ညှင်းချဉ်၊သခွားသီးများကို သုံး၍ ပိုင်မုန့်ဖုတ်လိုက်၏။ ထို့နောက် အဘိုးလင်း၊ သူမ၏ မိဘများ၊ အဘိုးဝေ့၊ အဘွားဝေ့၊ ဦးလေးဝေ့နှင့် အဒေါ်ဝေ့တို့အား ပို့ပေးရပေဦးမည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now