chapter 108

492 43 0
                                    

Chapter 108
Chapter 108October 03, 2023
(ဝိညာဉ်ရေးရာ ဆက်သွယ်မှု)

လင်းယောင်ယောင် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူမ ရှေ့ကမြင်ကွင်းသည် အနည်းငယ်ထူးဆန်းနေသော်လည်း ရင်းနှီးသလိုရှိသည်။ အရင်က ဤနေရာကို တစ်ခါမှမရောက်ဖူးတာကြောင့် ထူးဆန်းသလို ဖြစ်နေရကာ  21 ရာစုမှ အဆင့်မြင့် ဆေးရုံအတွင်းမှာ ဖြစ်နေသောကြောင့် ရင်းနှီးနေရခြင်းဖြစ်သည်။

သူမ လက်ကို ကိုင်ထားသည့် အေးစက်စက်နှင့် ချောမောသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသောကြောင့် လက်ကို ဖယ်လိုက်သည်။

"ရှင်က ဘယ်သူလဲ"

ထိုလူက အေးစက်သော မျက်လုံးများဖြင့် သူမကို ကြည့်သည်။ 

"ကိုယ့်ကိုတောင် မမှတ်မိဘူးလား… မင်း ကိုယ့်ကို မေ့ချင်ယောင်ဆောင်နေတာမဟုတ်ဘူးလား"

များမကြာမီပင် သူမသည် အမှန်တကယ် သတိမေ့နေဟန် ဆောင်နေခြင်းမဟုတ်ကြောင်း ယန်လဲ့ သိလိုက်ရသည်။ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် အစစ်အမှန် ဖြစ်နေလေသည်။

ယန်လဲ့ ၏စကားကိုကြားပြီးနောက် ချောက်ကမ်းပါးမှ ပြုတ်ကျသောအခါ သူမ မသေခဲ့ကြောင်း သိလိုက်သည်။  စာအုပ်ထဲက လင်းယောင်ယောင် လည်း သူမ ဖြစ်သွားခြင်းပင်။သူမသည် 21 ရာစုတွင် အထူးအစွဲအလမ်း တစ်ခုမှ မရှိပေ။ သူမကို ကျွေးမွေးခဲ့သည့် အဘွားဖြစ်သူမှာ လွန်ခဲ့သော နှစ်နှစ်က ဆုံးပါးသွားခဲ့ပြီး ဦးလေးနှင့် အဒေါ်တို့ကိုလည်း မခင်တွယ်ပေ။သူမ၏ အတန်းဖော်များနှင့် သူငယ်ချင်းများသည်လည်း သူတို့လမ်းသူတို့ ကိုယ်စီလျှောက်နေကြသည်။

တခြား "လင်းယောင်ယောင်" သည် ဤကမ္ဘာတွင် ကောင်းမွန်စွာနေထိုင်သွားသည်။ သူမ အဘွား၏ စားသောက်ဆိုင်ကို ထိန်းသိမ်းထားနိုင်ရုံတင်မကဘဲ ကျွမ်းကျင်စားဖိုမှူး အများအပြားကိုလည်း ငှားရမ်းပြီး ဆိုင်ကိုသေချာဖွင့်ထားသည်။ အငြိမ်းစား အထူးစစ်သား အစ်ကိုကိုလည်း သူမ၏ချစ်သူအဖြစ် ပိုင်ဆိုင်ထား၏။

ယန်လဲ့ ၏ စိုးရိမ်သောက ရောက်နေပုံဖြင့်၊ "ကျွန်တော့်ရဲ့ ယောင်ယောင် ဘယ်မှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ" ဆိုသည့်မေးခွန်းကို ရင်ဆိုင်ရသောအခါ တခြား လင်းယောင်ယောင်အား လင်းရွှမ်က ဘယ်လိုမျိုး ပြောဆိုနေမလဲဆိုသည်ကို သိချင်လာရသည်။  လင်းရွှမ် သည် သူမက သူ့ညီမ မဟုတ်ကြောင်းကို သိသွားခဲ့သည်။ထိုစဉ်က၊သူမလည်းထိတ်လန့်တကြားဖြင့် မူလပိုင်ရှင်ထံ ခန္ဓာကိုယ် ပြန်ပေးရမလားဟု တွေးနေမိခဲ့သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now