Chapter 37
(လင်းယောင်ယောင်၏ ဒေါသ)
အချိန်အတော်ကြာပြီးနောက်၊ လင်းရွှမ် အခန်းမှ ထွက်လာခဲ့သည်။ နံနက်တစ်နာရီခန့်ရှိသော်ငြား လွန်ခဲ့သည့် နာရီအနည်းငယ်က သူနှင့် အတူသောက်နေသော ချန်ပင်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ လက်ထောက်တစ်ဦးအနေဖြင့် ချန်ပင်း ၏ ဆက်သွယ်ရေးလိုင်းသည် တစ်နေ့လျှင် ၂၄ နာရီလုံးလုံး ဖွင့်ထားရမည်ဖြစ်သည်။ ချန်ပင်း က အိပ်ငိုက်သောအသံဖြင့် ဖုန်းကိုပြန်ပြောလာသည်။
"ဟာ...ဆရာကလည်း ကျွန်တော် မနက် 4 နာရီမှာ အိပ်ရာထရမယ်... အလုပ်ကောင်းကောင်းမလုပ်တဲ့ ဆရာ့ရဲ့နေရာမှာ အစားထိုးလုပ်ဖို့ တော်တော်ကြိုးစားရဦးမှာ... X-312 ကြယ်ကို ကောင်မလေးကို ခေါ်သွားလိုက်တော့လေ....ဆရာ သူမကို ချစ်နေတာမဟုတ်လား... ပျော့ညံ့မနေပါနဲ့...အဲ့ဒီကြယ်ကိုသာ တည့်တည့်သွားလိုက်ပါ...လွယ်ပါတယ်"
လင်းရွှမ် ၏ အသံသည် အေးစက်ပြီး ကြည်လင်နေသဖြင့် မူးနေသည့်အသံတစ်စက်မှ ပေါက်မနေပေ။
"ငါ တစ်ယောက်တည်း X-312 ကြယ်ကို သွားမယ်...မင်း လိုက်လာဖို့ မလိုဘူး"
ချန်ပင်း: "ဟား...ဆရာကလည်း ဘာဖြစ်ပြန်တာလဲ"
လင်းရွှမ် ၏ အသံသည် လျှို့ဝှက်သော ဒေါသနှင့် မာနကို အရိပ်အမြွက် သယ်ဆောင်လာပြီ ဖြစ်သည်။
"ငါသူမကိုနမ်းလိုက်တယ်..."
ချန်ပင်း လန့်သွားပြီး အိပ်နေရာမှ ဆတ်ကနဲ ထလိုက်သည်။
"သေစမ်း...ကျွန်တော် ဆရာ့ကို ညတုန်းက ပြောထားတယ်လေ...လုပ်လိုက်ပါဆိုတာကို...နေပါဦး.... ညသန်းခေါင်ကျော်နေပြီ၊ ဆရာက ကောင်မလေးရဲ့ အိမ်ထဲခိုးဝင်ပြီး ဖြစ်ခဲ့ကြတာလား....အဲ့ဒါကြောင့် အခု ထွက်ပြေးဖို့ကြိုးစားနေတာလား"
"ဟင့်အင်း...ငါနမ်းပြီးသွားတော့ အိပ်လို့မရဘူး...အိမ်မှာနေရမှာ ငါကြောက်တယ်... ငါ ဒီထက်ပိုလုပ်ချင်ပေမယ့် စိတ်ကမပိုင်းဖြတ်နိုင်ဘူး ဖြစ်နေတယ်... စဉ်းစားဖို့ အချိန်တစ်ခုတော့ ထားရမယ်... သေသေချာချာ ဖြည်းဖြည်းချင်း ပြန်လုပ်ရမယ်လေ"

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...