ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

615 54 0
                                    

Chapter 49

(လင်းယောင်ယောင် နှင့် Eleven)

လင်း မိသားစုစားသုံးသော သစ်သီးဝလံများသည် စျေးကွက်ထဲတွင်မရရှိနိုင်သော သဘာဝအော်ဂဲနစ်များသာဖြစ်ပြီး အဆင့်မြင့်တင်သွင်းလာသော ကုန်ပစ္စည်းများဖြစ်သည်။

"ယောင်ယောင်က အရမ်းကြင်နာတာပဲ"

တစ်ဖန် သူမ ရှေ့မှာထိုင်နေသည့် ကောင်မလေးကလည်း ပြောလာပြန်၏။

"အတန်းဖော် ယောင်ယောင် အရမ်းစားရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး အရမ်းပိန်နေတာလဲ...ခန္ဓာကိုယ် ထိန်းသိမ်းနည်းလေးဘာလေး ပြောပြပါလား"

သူမ အနောက်မှာထိုင်နေသည့် ကောင်လေးက စောင်းငဲ့ကြည့်လာပြီး

" အလှလေး ယောင်ယောင်...မင်း ပြပွဲမှာ နာမည်ကြီး 'ပီကင်းဘဲကင်' ကို လုပ်ခဲ့တာဆို...  မင်းချက်ထားတာ ကောင်းတယ်လို့ပြောတယ်... မင်းက အရမ်း တော်တာပဲနော်"

ဒုတိယ ကောင်လေး- "ကျောင်းသူ လင်း ရေ…ဖြည့်စွက်စာတွေကို ဘယ်လို အရသာရှိရှိ လုပ်ရတာလဲ…စီနီယာအစ်မ ရန်နင် ရဲ့ ပီကင်း ဘဲသား ဗားရှင်းကို ကိုယ် စားကြည့်လိုက်တာတောင် အရမ်းစားကောင်းနေတာရော်… ရုတ်တရက်ကြီး ကိုယ်တောင် မေဂျာမပြောင်းချင်တော့ဘူး...ဒီ မေဂျာမှာပဲ နေပြီး အံ့သြစရာကောင်းတဲ့ ဖြည့်စွက်အစားအသောက် လုပ်နည်းကို ငါလေ့လာချင်တယ်"

နံပါတ်သုံး ကောင်လေးတစ်ယောက်သည် သူ့မျက်လုံးများထဲတွင် ပန်းရောင်ပူဖောင်းများ အပြည့်ဖြင့် သူမကို စိုက်ကြည့်နေသည်။

"အင်း...အရမ်းအစားကြိုက်တဲ့ အလှတရားလေးက ချစ်စရာကောင်းလိုက်တာ...ကိုယ့်မှာလည်း အဆာပြေမုန့်တွေ အများကြီးရှိသေးတယ်…မင်းစားချင်လား"

ကျောင်းမှာ နေလျှင် အေးဆေးတည်ငြိမ်ပြီး မာနကြီးသလိုမျိုး ဟန်တစ်ခွဲသားနှင့်နေဖို့လုပ်ထားသည့်  လင်းယောင်ယောင် မှာ အံ့အားသင့်သွားခဲ့သည်။ သူမသည် အမှန်တစ်ကယ် အစားအသောက်ကို ဝါသနာပါသော်လည်း ကိုယ်တိုင်စားကြည့်မြည်းကြည့်ပြီး၊ကိုယ်ကြိုက်မှသာ စားကောင်းလိမ့်မည်ဟု သူမ ခံယူထားသည်။ သူမသည် သူတို့စိတ်ကူးထားသည့်အတိုင်း အစားအသောက်ပေါင်းစုံကြုံရာကျပန်း စားသူမဟုတ်ပေ။အစားကိုသေချာကန့်သတ်ပြီး ဟင်းချက်ဖို့အတွက် စဉ်းစားရင်း စားရခြင်းဖြစ်သည်။ယခုတော့ မိန်းကလေး လင်း ၏ မြင့်မြတ်၊ မာနကြီးပြီး ကျက်သရေရှိသော အပြင်ပန်းလွှာသည် "အဆက်မပြတ်စားနေခြင်း" ကြောင့် ပလ္လင်ပေါ်မှ မတော်တဆပြုတ်ကျသွားခဲ့ရသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora