ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

585 51 0
                                    

Chapter 47

(အစ်ကိုကြီးရွှမ် ပြန်လာခြင်း)

သို့သော်လည်း ယနေ့ ပင်လယ်စာ ဟင်းပွဲတစ်ခုစီတွင်ပါရှိသော အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် မာစတာအဆင့် အစားအသောက် အရန်ကုထုံးပညာရှင်များထက် အဆင့်မနိမ့်လှချေ။  ဟင်းသီးဟင်းရွက်များ ထည့်ချက်ထား‌သော ဟင်းပွဲများ၏ အရန်ကုထုံး အကျိုးသက်ရောက်မှုသည် မာစတာအဆင့် အရန်အစားအသောက် လက်ထောက်ကုထုံးပညာရှင် အများစုထက် အနည်းငယ်ပိုကဲသည်။

သူ တစ်လုတ်စားပြီးသည်နှင့် အလွန် သေးငယ်ပြီး ငြိမ်းချမ်းသော စွမ်းအင်တစ်ခု သူ၏ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်ခု လျော့ပါးသွားသည်ကို သူ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးလည်း အားအင်တွေ ပိုများလာပြီး မျက်နှာထားကလည်း စောစောကထက် ပိုပြီး ရွှင်လန်းလာ၏။

ပို၍အရေးကြီးသည်မှာ၊ ထိုသို့ အကျိုးသက်ရောက်မှုများရှိသောဖြည့်စွက်အစားဟင်းပွဲများ၏ အရသာသည် ကြယ်ငါးပွင့်စားသောက်ဆိုင်များထက် လည်း စားကောင်းနေသလိုပင်။ဟင်းအမည်ချင်း ပေါင်းစပ်မှုသည် ပို၍ပင်ဆန်းသစ်ပြီး ထူးခြားလှသဖြင့် ဘယ်လောက်စားစား ငြီးငွေ့မှာမဟုတ်ပေ။

လင်းယောင်ယောင် ကို အလွန်ချစ်မြတ်နိုးသော ဝေ့ မိသားစုသည် ယခုအခါ ချီးမွမ်းနေပြီဖြစ်သည်။ သို့သော် ဤအကြောင်းကြောင့် ဝေ့မိသားစုထံသို့ ပြန်လာပါဟု မတိုက်တွန်းကြချေ။ လင်းယောင်ယောင် သည် မည်မျှပင် ကောင်းမွန်ပါစေ သူမအား လင်း မိသားစုမှ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ ဝေ့ မိသားစုမှာ လက်ထောက်ကုထုံးဆရာအဖြစ် ပါရမီပါလာသူ တစ်ယောက်မှ မရှိသော်လည်း သူမကို ဘာမှမတောင်းဆိုရဲပေ။ ဝေ့မိသားစုအတွက် သူမအား အများကြီးလုပ်ပေးခိုင်းဖို့ အကြောင်းပြချက်မရှိပေ။ ယုလန် က သူမကို ညင်သာစွာ ခေါ်လိုက်သည်။

"သမီး အဘွားက အဆာပြေမုန့်တွေ၊ လက်ဖက်ရည်ရနံ့ မွှေးမွှေးလေးတွေလုပ်ရတာ ကြိုက်တယ်...သူက တစ်ခါတစ်လေ extract ထည့်ပြီး လုပ်လိုက်တာပေါ့နော်... နောင်ကြုံရင် သမီးရဲ့ အတွေ့အကြုံတွေကိုလည်း သူမနဲ့တိုင်ပင်ပြီး ဝေမျှလို့ရတယ်လေ"

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDove le storie prendono vita. Scoprilo ora