chapter 155

36 5 0
                                    

Chapter 155
Chapter 155October 20, 2023
(ပိုင်ရွှင်းနှင့်တိုက်ခိုက်မှု)



ဂျက်စတင် သည် SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူဖြစ်သည်။  မကြာမီ၊ဤဖြည့်စွက်ဆေးဖက်ဝင်ဟင်းချိုများကို မြည်းစမ်းကြည့်ပြီးနောက် သူ့မျက်လုံးများက ချက်ချင်းတောက်ပလာရသည်။အရသာက ကောင်းမွန်သလို အကျိုးသက်ရောက်မှုကလည်း အတော် ကောင်းသည်။ အချိန်တိုအတွင်း ခွန်အားတိုးစေသော အာနိသင်ရှိသော်လည်း စားသုံးပြီးပါက လူကိုချုံးချုံးကျစေသည့် ဆေးဟင်းရည်မှလွဲ၍ ကျန်ဟင်းလျာများမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးမရှိပေ။သူတို့ ဘရမ်မိသားစု၏ အရည်အချင်းနှင့် မဆိုထားဘိ၊မည်သို့ပင် အချိန်ကြာကြာယူပါစေ၊ယခုလိုမှော်ဆန်သည့် ဖြည့်စွက်ဆေး ဟင်းရည်ကို သူတို့ လုပ်နိုင်မှာမဟုတ်‌ေပ။သေချာသည်က ဤပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းရတော့မည်။

စောစောက မထီမဲ့မြင်ဟန် ရှိနေသည့် သူ့မျက်နှာအမူအရာက ချက်ချင်းလေးနက်လာသည်။

  "မင်း ဒီဆေးဖက်ဝင်ဟင်းချိုကိုပြပြီး ပိုင်မိသားစုနဲ့ ပူးပေါင်းခဲ့တာလား"

လင်းရွှမ် : "လောလောဆယ်တော့ မဟုတ်သေးပါဘူး…ဒါပေမယ့် ဘရမ် မိသားစုက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ဖြစ်နိုင်ပါတယ်"

"ရှိတယ်…ငါတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်"

ထိုအချိန်တွင် လင်းယောင်ယောင် သည် ဝမ်တန်ဖက်ထုပ်မျိုးစုံကို ချက်ပြုတ်ပြီးသွားခဲ့ပြီဖြစ်သည်။ အခန်းတွင်းရှိ လူအနည်းငယ်စာ စားနိုင်လောက်အောင် ချက်ပြုတ်ထားသည်။ ချက်ပြုတ်ပြီးနောက် စက်ရုပ်အား ဝမ်တန်ပန်းကန်းသေးသေး (ပန်းကန်လုံးတစ်ခုလျှင် ခြောက်ခု)၊ဖက်ထုပ်ဟင်းချိုသေးငါးပန်းကန် (ပန်းကန်လုံးတစ်ခုစီတွင် အရသာအမျိုးမျိုးရှိသော ဖက်ထုပ်ခြောက်ခုစီ)၊ ဖက်ထုပ်ကြော်ပန်းကန်ကြီးတစ်ပွဲ၊  ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပေါင်းထားသော ဖက်ထုပ်တစ်ပန်းကန်..စသည်တို့ကို အပေးခိုင်းလိုက်၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now