chapter 136

94 5 0
                                    

Chapter 136
Chapter 136October 17, 2023
(ဇာ့ခ်ဘုရင်မ အသားဆေးဖက်ဝင်ဟင်းချို)





လင်းရွှမ် သည် ဇာ့ခ်ဘုရင်မနှင့် ဆက်ဆံရန် စဉ်းစားနေ၍ အစီအစဥ်တစ်ခု ပြုလုပ်ခဲ့သည်။ သူသည် အလွန်အန္တရာယ်မရှိသော ဥများနှင့် သားပေါက်များကို မွေးမြူရန် ရည်ရွယ်ထားသည်။ထိုမှသာ ၎င်းတို့သည် ဆက်လက်ရှင်သန်ပြီး အစားအသောက်အတွက် အဆင်ပြေလာနိုင်သည်။သူ၏ အဓိကရည်မှန်းချက်မှာ ဇာ့ခ်ဘုရင်မအား တာဇာကြယ်ပွင့်မဟာမိတ်သို့ ခေါ်ဆောင်သွားစေချင်သည်။ထိုရည်မှန်းထားသည့်ကိစ္စမှာလည်း လင်းယောင်ယောင် လိုချင်သော အရာဖြစ်သည်။  လမ်းတွင် အန္တရာယ်ကြီးကြီးမားမား ရှိလာနိုင်သော်လည်း၊ သူမ၏မိဘအရင်းများကို ကယ်ဆယ်ရန် အမြန်ဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။

ဇာ့ခ်ဘုရင်မ 168 နှင့်အတူ ဤပန်းတိုင်ကို အောင်မြင်နိုင်သည်ဆိုပါစို့။  ထိုအခြေအနေမျိုးဆိုပါက၊သူတို့ တာဇာကြယ်ပွင့်မဟာမိတ် သို့ရောက်ရှိပြီးလျှင်လည်း လုံး၀အားနည်းမှာ မဟုတ်ပေ။

တစ်ဖက်တွင်၊ဇာ့ခ်ဘုရင်မအကြောင်း ပိုမိုသိရှိနိုင်ရန် လင်းယောင်ယောင် သည် 012 နှင့်အတူ ဝိုင်းလိမ်လည်ခဲ့ပြီး ပိုမိုအသုံးဝင်သော အချက်အလက်များကို ဆက်လက်ရှာဖွေခဲ့ကြသည်။ဥပမာအားဖြင့်၊ တာဇာကြယ်ပွင့်မဟာမိတ် တွင် မက်မွန်သီးရောင်ဇာ့ခ် များ ပိုများသော်လည်း၊ အောင်မြင်စွာ ဖွံဖြိုးလာရန်မှာ ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ထို့အပြင် ဇာ့ခ်ဘုရင်မကိုယ်တိုင်က တာဇာကြယ်ပွင့်မဟာမိတ်၏ အခြေအနေကို မသိခဲ့ချေ။ တာဇာနတ်ဘုရားများက သူမကို ဖန်တီးခဲ့ကြောင်းသာ သိရှိပြီး တိကျသော အကွာအဝေးအတွင်းဆိုပါက၊ သူမသည် တာဇာနတ်ဘုရားများ၏ ညွှန်ကြားချက်များကို မသိစိတ်ထဲကပင် လိုက်နာမည် ဖြစ်သည်။

ဇာ့ခ်ဘုရင်မအား အလွန်အမင်းတောင့်တစေနိုင်သည့် အသားမဟုတ်သော အရာကို ဇာ့ခ်ပုံဆောင်ခဲဟုခေါ်သည်။  ဇာ့ခ်ပုံဆောင်ခဲ များသည် ၎င်းတို့၏ စွမ်းအားကို အားကောင်းစေပြီး ဇာ့ခ်ဥများကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ရန် လုံလောက်သော စွမ်းအင်ကို ပေးစွမ်းသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now