ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

422 41 0
                                    

Chapter 74
Chapter 74September 20, 2023
(ပထမပြိုင်ပွဲမှ ပထမနေရာ)

ကျောင်းသားသစ်ဖလား  အရန်ကုထုံးပြိုင်ပွဲ ကို Star Network ၏ ပလက်ဖောင်းခွဲသုံးခုမှ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ပထမအကြိုပြိုင်ပွဲ၏ ပထမရက်အနည်းငယ်သည် ပြိုင်ပွဲ၏ အပေါ့လျော့ဆုံးအချိန်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များသည် ဒရာမာများစွာကို ဖန်တီးပြီး ပရိသတ်များကို ဆွဲဆောင်ခဲ့သည်။ အရန်ကုထုံးပြိုင်ပွဲ တရားဝင်လက်ခံကျင်းပသည့် ပလက်ဖောင်းသည် မည်သည့်ဒရာမာမှမပါဝင်ဘဲ ပရိသတ်၏အာရုံစိုက်မှုနှင့် စိတ်အားထက်သန်မှုကို ဆွဲဆောင်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။

မဲပေးကာလ၏ နောက်ဆုံးရက်များတွင်သာ ပွဲစီစဉ်သူများ တရားဝင်လာရောက်ပြီး ပါဝင်သူအားလုံး၏ အချက်အလက်များကို သေချာစွာ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ အစောပိုင်းကာလများမှာ ပရိသတ်နှင့် ထိတွေ့မှုပိုရသူတွေထက်၊ တစ်ကယ်အရည်အချင်းရှိသူများက အဆင့်တက်လာနိုင်ပြီး အရည်အချင်းမရှိသူတွေလည်း မကြာခင် အဆင့်ကျဆင်းသွားပါလိမ့်မည်။

အစောပိုင်း လူကြိုက်များမှုသည် ဒယ်အိုးထဲတွင်လက်ခနဲ ထတောက်လိုက်သော မီးလျှံတစ်ခုမျှသာ ဖြစ်သည်။

ပြတ်ပြတ်သားသား ပြောရလျှင် မဲလိမ်ခြင်းဆိုသည်မှာ ပွဲစီစဉ်သူကပင် တိတ်တဆိတ်သဘောတူထားသည့် ကိုယ့်ကိုယ်ကိုယ် စျေးကွက်ချဲ့ထွင်ခြင်း နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ အရန်ကုထုံးပညာရှင်များသည် သူ တို့၏ ကျွမ်းကျင်မှုအပေါ်သာ အားကိုးမရပေ။ သူတို့ကိုယ်တိုင်လည်း မီးစင်ကြည့်ကတတ်ဖို့ သင်ယူရပေမည်။ ဤလောကတွင် ဤကိစ္စကို လူတိုင်းနားလည်ထားကြသည်။

ပလက်ဖောင်းသည် တရားမျှတသော်လည်း မမျှတသော ပြိုင်ဆိုင်မှု နည်းလမ်းများစွာလည်း ရှိတတ်သည်။ အကြွင်းမဲ့ တရားမျှတမှု မရှိချေ။ အကယ်၍ အခြားသူတစ်ဦးမှ လိမ်လည်ရန် ကူညီပေးပါက၊ မဲအတုများသာ နောက်ဆုံးတွင် ရှင်းသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမည် မဟုတ်ပေ။ သို့သော် ပြိုင်ပွဲဝင်က မဲများကို လိမ်လည်ပြီး အတုလုပ်သည်ဟု ခိုင်လုံသော အထောက်အထားများ ရှိနေလျှင်  အဝါကတ် ပြပြီး မဲ ၃၀ ရာခိုင်နှုန်း နုတ်ယူမှာဖြစ်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now