ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

794 67 0
                                    

Chapter 61
Chapter 61September 15, 2023
(ဆိုင်နှစ်ဆိုင်)

လင်းယောင်ယောင်၏ ဖြည့်စွက်စာသည် မသေနိုင်သော တန်ဖိုးကြီးအစားအစာဖြစ်သည်။

"ငတုံးချန်ပင်းက ဘာဖြစ်လို့ယူထားရမှာလဲ... ဘယ်ရမလဲ"

သူတို့နှစ်ဦး အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေကြပြီး လင်းရွှမ်က  ယောင်ယောင်နှင့်တွေ့ဆုံသည့် ဗီဒီယိုမှတ်တမ်း ချန်ပင်းဆီ ရှိလောက်သည်ကို တွေးမိလိုက်ပြီး ဒီကောင်နှင့် နည်းနည်းလေးတောင်အချိန်မဖြုန်းချင်တော့ပေ။သူ့လက်ကို မကျေမနပ်ချလိုက်ကာ ထမင်းဗူးကို ဆက်ဖွင့်သည်။

လင်းယောင်ယောင် မှာထားသည့်အတိုင်း ချန်ပင်းကအကောင်းဆုံးကုထုံးအာနိသင်ရှိသော "ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ကို အရင်ဆုံး ထုတ်လိုက်ပြီး ယန်ကျိုးကြက်ဥထမင်းကြော်၊ အသား၊ ဟင်းသီးဟင်းရွက်များနှင့် လိုက်ဖက်သော အခြားဟင်းပွဲ ၃ မျိုးကိုလည်း ချလိုက်သည်။

"ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ဟင်းချိုဘူးကို ဖွင့်လိုက်သောအခါ တစ်ခန်းလုံး မွှေးကြိုင်သော အနံ့များဖြင့် ပြည့်နှက်သွားသည်။အရင်က စားကောင်းသောအဆာပြေမုန့်များကြောင့် မိန်းကလေး၏ ဟင်းချက်ကျွမ်းကျင်မှုမှာ အလွန်အံ့ဩစရာကောင်းလိမ့်မည်ကို သူသိသော်လည်း ယနေ့ သူမလုပ်ထားသော ဟင်းပွဲများက အနံ့နဲ့တင် စိတ်လှုပ်ရှားစေပြီး သရေကျစေသည်။

စစ်ဆရာဝန်မလေး လျို၀မ်ဟွေ့ကို လိုက်ရန်အတွက် ချန်ပင်းက ဟင်းချက်ခြင်းကို ကြိုးစားသင်ယူခဲ့သူဖြစ်သည်။အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် အရသာလုံး၀မရှိသော ချက်ပြုတ်ခြင်းမှ ယခု စမတ်စက်ရုပ်များထက် မဆိုးတော့ပေ။လျို၀မ်ဟွေ့အရင်သူ့ကို ငြင်းတုန်းက သူမက...

"ကြယ်ငါးပွင့် စားဖိုမှူးအဆင့်အထိ တော်နေရင်တောင် ငါနင့်ကိုပြန်မကြိုက်ဘူး"

ချန်ပင်းက သူမငြင်းဆိုမှုကို အကြိမ်ပေါင်းများစွာ ဂရုမစိုက်ပဲ ရှေ့ဆက်တိုးနေသောကြောင့်အလွန်စိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်ခြင်းဖြစ်သည်။မမျှော်လင့်ဘဲ သူကချက်ပြုတ်ခြင်းကို အမှန်တကယ် သင်ယူခဲ့သည်။ချန်ပင်းက ကြယ်ငါးပွင့်စားဖိုမှူးအဆင့်လောက်ထိမတော်သော်လည်း သူ့ဟင်းများက အရသာကောင်းနေသဖြင့် လျို၀မ်ဟွေ့ကပင် သူ့အား စိတ်လှုပ်ရှား ယိမ်းယိုင်သွားပြီး သူ့အပေါ်သဘောထားများ တဖြည်းဖြည်းနူးညံ့လာသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးTempat cerita menjadi hidup. Temukan sekarang