CHAPTER (104)
လှည်းအတွင်း မိန်းကလေးစုန့်ပါလာသဖြင့် အပြန်ခရီး၌ အချိန်ပိုယူ၍ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့ကြပြီး လျန်ကျိုးရောက်ချိန်တွင် ညနေစောင်းနှင့်နေပြီ။ ရှန်ဟန်နှင့် နည်းပြအုပ်စုမှ မြင်းလမ်းပေါ်တွေ စောင့်စားနေပြီး လှည်းရပ်သွားစဉ် ရှောင်ကျွယ် လှည်းပေါ်မှဆင်းလာသည်ကိုမြင်၍ စိတ်လက်ပေါ့ပါးစွာ သက်ပြင်းချနိုင်ခဲ့သည်။
လျန်ကျိုးသို့ ဦးတည်သွားခဲ့စဉ် ရှောင်ကျွယ် မည်သည့်သိုရှိနေကြောင်း မသိနိုင်ခဲ့သည့်အပြင် မည်သည့်စာကိုမျှလည်း မရရှိခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်တွင် အလွန်စိတ်ပူနေခဲ့ကြပြီး အရာရာပြောင်းလဲသွားမည်ကို စိုးရိမ်နေကြသည်။ သို့သော်လည်း ယခုအခါ အရာရာချောချောမွေမွေ့ ပြီးဆုံးသွားခဲ့ဟန်ရှိသည်။ ရှန်ဟန် စကားပြောမည်အပြု ဘေးမှလျန်ပင်၏ စကားသံကို ကြားလိုက်ရသည်။
"ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ရှိနေတာလဲ..."
မိန်းကလေးတစ်ဦး..။ လှည်းပေါ်မှ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် နူးညံ့ချစ်စဖွယ်ကောင်းသည့် မိန်းမငယ်လေးတစ်ဦး ပန်းရောင်စကပ်လေး မ၊လျက် ခုန်ဆင်းလာသည်ကို တွေ့လိုက်သည်။ လန်းလန်းဆန်းဆန်းမရှိလျက် အနည်းငယ်ပင်ပန်းနွမ်းနယ်ဟန်ရှိသည့် ဟန်ယန့်ဘေးမှ ထိုမိန်းကလေးကိုမြင်ပြီး ရှန်ဟန် အလွန်အမင်းအံ့အားသင့်သွားသည်။ တပ်မှူးရှောင်မှ ခံတပ်သို့ မိန်းကလေးတစ်ယောက် ပြန်ခေါ်လာခဲ့သည်။ ဤသဘောအရ ဟယ်ယန်နှင့်သူနှင့်အကြား စည်းတားတော့မည်ဟူသည့် သဘောများဖြစ်နိုင်သလော။ သို့သော် ဟယ်ယန့်ကိုရှေ့ထားလျက် ထိုသို့ပြုမူပါက နှလုံးသားမဲ့လွန်းရာကျမည်။ ထိုသို့စဉ်းစားနေစဉ် မိမိအနောက်ဘက်မှ ကောင်လေးတစ်ဦး၏ ဝမ်းသာအားရအော်သံ ထွက်ပေါ်လာခဲ့သည်။
"ဦးလေး အစ်ကိုကြီး ခင်ဗျားတို့ ပြန်လာကြပြီပဲ"
ချန်လီစု ယုန်တစ်ကောင်ကဲ့သို့ ခုန်ပေါက်၍ ထိုနေရာသို့ရောက်ရှိလာစဉ် ၎င်းနှင့်အတူ ဝတ်စုံအဖြူဝတ် နတ်မိမယ်ဆေးဆရာမလေး ရှိန်မုရွှယ်လည်း ပါလာခဲ့သည်။ ချန်လီစုမှ ရှန်ဟန့်ဘေးသို့ရောက်သောအခါ မကျေမနပ်အသံဖြင့်
![](https://img.wattpad.com/cover/359908865-288-k588007.jpg)