Ch-110 : အထင်အမြင်။

275 26 1
                                    



Ch-110 : အထင်အမြင်။

ယင်ထောင်က ဖန်ကျင်းကို ရှားပါးတိရစ္ဆာန်တစ်ကောင်လို စိုက်ကြည့်နေသည်။ သူမ စားချင်တာကို သူ့အတွက် ခန့်မှန်းနိုင်တာ ကျိုးကြောင်းဆီလျော်ပေမဲ့ သူမ ဆန်ခေါက်ဆွဲစားချင်နေတာကို အတိအကျခန့်မှန်းနိုင်သည်မှာ နည်းနည်းကြောက်ဖို့ကောင်းသည်။

"အစ်ကိုဖန်၊ ရှင် ရှေ့ဖြစ်ဟောတက်တာတော့မဟုတ်ဘူးမလား?" ယင်ထောင်က ဖန်ကျင်းကို ထိတ်လန့်တကြားကြည့်ရင်း သူမရဲ့အတွေးတွေကို မြင်သွားမှာကို ကြောက်နေမိသည်။

"မင်း အစားအသောက်အကြောင်း တွေးနေတာလို့ မှန်းဆလို့ရတဲ့ အကြောင်းရင်းက မင်းကို စတွေ့ကတည်းက မင်းက အစားအစာကို နှစ်သက်ပြီး အစားစားချင်စိတ်ကြီးမားတာကို ငါ သိနေလို့လေ"

ဖန်ကျင်းက ပြုံးပြီး ယင်ထောင် ကို ဆက်ရှင်းပြသည်။ "မင်း ဆန်ခေါက်ဆွဲစားချင်နေတာလို့ မှန်းဆချက်က မင်း ဆေးရုံအဝင်ဝမှာ ဆန်ခေါက်ဆွဲလာပို့တဲ့သူ ကို ၃ မိနစ်လောက်ကြည့်နေခဲ့လို့ပဲ"

ဖန်ကျင်း၏ စကားကိုကြားတော့ ယင်ထောင် ၏ မျက်နှာတွင် အံ့သြမှု များ တဖြည်းဖြည်း အေးခဲသွားသည်။ ဖန်ကျင်းက ဤအရာအားလုံးကို မှန်းဆနိုင်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူသည် အလွန်သတိထားပြီး သူမက အစားအစာကို နှစ်သက်သူတစ်ဦးဖြစ်ကြောင်း ခံစားမိသောကြောင့် သိရှိခြင်းဖြစ်ပေသည်။

"ဟုတ်ပြီ၊ ဒါဆို လျန်ရီနဲ့ပတ်သက်လို့ မတူတာတွေကကော?" ယင်ထောင်က နှုတ်ခမ်းကို ဖွဖွကိုက်ရင်း ဖန်ကျင်း သူမအပေါ်ထားသော အထင်အမြင်ကို နည်းနည်းမကျေမနပ်ဖြစ်သောကြောင့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"အမှန်တရားကတော့–ကားပါကင်ရဲ့အလင်းရောင်မှိန်မှိန်အောက်မှာ သူ့ကို ချောင်းကြည့်နေတဲ့ လူတစ်ယောက်ကို လျန်ရီက သတိထားမိနိုင်တာကိုက သူက သာမန်လူတွေနဲ့ မတူဘူးဆိုတာ သက်သေပြနေတယ်လေ"

ကားပေါ် ရှိဖန်ကျင်း သည် လျန်ရီ စိုက်ကြည့်နေသည်ကို မြင်သောအခါ အလွန်အံ့ဩသွားခဲ့သည်။ လျန်ရီ က သူ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်သာ မက လျန်ရီ၏ မျက်လုံးများသည် တောထဲတွင် ကျားသစ်တစ်ကောင်လို ဖြစ်နေကြောင်း ခံစားမိခဲ့လို့ဖြစ်သည်။ သူသည် လူများကိုကြည့်သောအခါတွင် အလွန်ပြင်းထန်သော ဖိနှိပ်မှုသဘောရှိသည်။ ဒါက သာမာန်လူတွေရှိရမယ့် အရာမဟုတ်ပါ။ အနည်းဆုံးတော့ လျန်ရီ တွင် တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိလိမ့်မည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now